DVB Logo
Home
မြန်မာသတင်း
ဆောင်း​တွင်း​ မိုး​ရွာနိုင်ဟု မိုး​ဇလသတိ​ပေး
DVB
·
December 5, 2011
Donate to DVB

လက်ကျန်​ဆောင်း​ကာလမှာ ဖြစ်​ပေါ်တတ်တဲ့​ မိုး​လေဝသဖြစ်စဉ်​တွေနဲ့​ သတိပြုစရာ အချက်သုံး​ချက်ကို မိုးလေ၀သဌာနက ထုတ်ပြန်ထား​တယ်လို့​ သိရပါတယ်။

အဓိကကျတဲ့​ အချက်သုံး​ချက်အ​ကြောင်း​ မိုး​လေဝသဌာနက လက်​ထောက် ညွှန်ကြား​ရေး​မှုး​ ဦး​ချစ်​ကျော်က ခုလို ​ပြောပါတယ်။

“​ဆောင်း​တွင်း​က အရင်​ဆောင်း​တွင်း​လိုမဟုတ်ဘူး​။ မိုး​ရွာမယ်။ မိုး​ရွာရင် နိုဝင်ဘာ၊​ ဒီဇင်ဘာဆိုတာ တချို့​လယ်ကွင်း​တွေက စပါး​ရိတ်တဲ့​အချိန်၊​ ဆို​တော့​ ရိတ်ပြီး​သား​စပါး​တွေက ကန်သင်း​ရိုး​ပေါ်တင်ထား​တာကို။ အဲဒီစပါး​တွေက မိုး​မိလို့​ရှိရင် စပါး​သီး​တွေ ​ကြွေကျသွား​မယ်။ ပြီး​တော့​ စပါး​က​နေ ဆန်ထွက်တဲ့​အခါမှာ ဆန်အရည်အ​သွေး​ ကျသွား​မယ်။ အဲဒါ​တွေကို သတိပြုဖို့​ လိုပါတယ်။ အဓိက နံပါတ်တစ်အချက်။ နှစ်အချက်က​တော့​ ​ဆောင်း​တွင်း​မှာ တိမ်ဖြစ်ထွန်း​ရင် ကပ္ပလီပင်လယ်ပြင်နဲ့​ မုတ္တမ ပင်လယ်​ကွေ့​ဒေသမှာ ​လေပြင်း​တိုက်ပါတယ်။ ​လေပြင်း​တိုက်တဲ့​အတွက် ငါး​ဖမ်း​လှေ အ​သေး​တွေက သတိထား​ပြီး​ ငါး​ဖမ်း​ထွက်ဖို့​ အကြံပြုထား​ပါတယ်။ ဒီ​ဆောင်း​တွင်း​က မြစ်ကြီး​တွေ ဧရာဝတီတို့​၊​ ချင်း​တွင်း​တို့​၊​ သံလွင်၊​ စစ်​တောင်း​တို့​ ဒီမြစ်ကြီး​တွေက ​ရေနည်း​သွား​တယ်။ ​ရေ​ကြောင်း​သွား​လာ​ရေး​မှာ ​ကျောက်​ဆောင်နဲ့​ တိုက်မိတာတို့​ ဒါ​တွေဖြစ်နိုင်တဲ့​အတွက် ​ရေနက်အမှတ် ခန့်​မှန်း​ချက်ကို သတိထား​ပြီး​ ပြည်တွင်း​ရေ​ကြောင်း​ကို အသုံး​ပြုပါလို့​ အဓိက အဲဒီသုံး​ချက်ကို တိုက်တွန်း​ချင်ပါတယ်။”

၂၀၁၁ ခုနှစ်အတွင်း​ မိုး​ရွာသွန်း​မှုအ​ခြေအ​နေကို ပြန်ကြည့်​ရင် ရွာသွန်း​မြဲထက် ​ကျော်လွန်ခဲ့​ပြီး​ မိုး​ကောင်း​တဲ့​နှစ် တနှစ်ဖြစ်ခဲ့​တယ်။

မြန်မာနိုင်ငံတွင်း​ရှိ မိုး​လေဝသတိုင်း​တာ​ရေး​ စခန်း​ပေါင်း​ ၁၀၀ မှာ ၉၀ ​လောက်က ရွာသွန်း​မြဲထက် ​ကျော်လွန်ခဲ့​တာ ​တွေ့​ရတယ်လို့​လည်း​ ​ပြောပါတယ်။

မိုး​များ​ခဲ့​တာ​ကြောင့်​ လယ်​တွေပျက်စီး​ခဲ့​မှု ရှိခဲ့​တဲ့​အ​ကြောင်း​လည်း​ ဦး​ချစ်​ကျော်က ခုလို​ပြောပါတယ်။

“မိုး​များ​တဲ့​အတွက် ဆုံး​ရှုံး​မှု​တွေရှိတယ်။ မိုး​နည်း​တုန်း​က​တော့​ စပါး​ မ​အောင်ဘူး​။ မိုး​များ​တော့​ စပါး​အောင်တယ်၊​ ​ရေမြုပ်တယ်။ ၂ ခုလုံး​က မျှမျှတတ မဖြစ်ဘူး​။ အဲဒီလိုမျိုး​ မိုး​များ​တဲ့​အတွက်​ကြောင့်​ လယ်ကွင်း​တွေ ​ရေမြုပ်တဲ့​ဟာ ဒီ​နေ့​ဆိုရင် မြန်မာပြည်ထဲက ဧက ၁ သိန်း​ကျော်​လောက် ​ရေမြုပ်လို့​ ဆုံး​ရှုံး​တယ်ဆိုတာ သူတို့​တရား​ဝင်ထုတ်ပြန်တဲ့​ စာရင်း​တွေအရ သိရတာပါ။”

အထူး​သဖြင့်​တော့​ ပဲခူး​တိုင်း​နဲ့​ ဧရာဝတီတိုင်း​ထဲက လယ်​တွေ မိုး​ကြောင့်​ နစ်မြုပ်ပျက်စီး​ခဲ့​တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013