အင်ဒိုနီးရှားနိုင်ငံခြားရေးရာဝန်ကြီး ဘင်္ဂလီကျောင်းနှစ်ခုကို သွားရောက်ဖွင့်လှစ်
DVB
·
January 22, 2017
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လက်မချေရွာနဲ့ သက္ကပြင်ကျေးရွာက ဘင်္ဂလီကျေးရွာတွေမှာဆောက်လုပ်ထားတဲ့ ကျောင်းနှစ်ဆောင်ကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno.L.P Marsudi သွားရောက်ဖွင့်လှစ်ခဲ့ပါတယ်။
အင်ဒိုနီရှားက ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဆောင်းသစ်နှစ်ဆောင်ကို ဇန်န၀ါရီ ၂၁ရက်နေ့ ညနေပိုင်းက အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno.L.P Marsudi၊ ရခိုင်ပြည်နယ်ဝန်ကြီး ဦးညီပုအပါအဝင်အစိုးရအဖွဲ့က တာဝန်ရှိသူတွေ အဲဒီရွာကိုသွားရောက်ပြီး ဖွင့်လှစ်ခဲ့တာပါ။
သတင်း-ဝဏ္ဏခွာညို၊ ဓာတ်ပုံ-ဒီဗွီဘီ