DVB Logo
Home
မြန်မာသတင်း
မြန်မာအစိုးရက အိန္ဒိ​ယသတင်းထောက်တဦးကို ဖမ်းဆီးထား
DVB
·
December 5, 2011
Donate to DVB

မြန်မာအစိုးရက အိန္ဒိယအာသံထိပ်တန်း သူပုန်ခေါင်းဆောင်တယောက်နဲ့ တွေ့ဆုံ မေးမြန်းဖို့ ကြိုးစားခဲ့တဲ့ အိန္ဒိယသတင်းထောက်တဦးကို တရုတ်နယ်စပ်တနေရာမှာ ဖမ်းဆီးထားတယ်လို့ အိန္ဒိယပြည်ထဲရေးဌာနက အတွင်းရေးမှူး အာကေဆင်းက ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ULFA လို့ ခေါ်တဲ့ အာသံညီညွတ်ရေးအဖွဲ့က စစ်ဦးစီးအရာရှိတဦးဖြစ်တဲ့ ပါရပ် ဘာရူခ်ျ (Paresh Baruah) ဟာ တရုတ်-မြန်မာနယ်စပ် တနေရာကို ရောက်ရှိနေစဉ် အိန္ဒိယပြည် အာသံပြည်နယ်က သတင်းထောက် ရာဂျစ် ဘာတာချာရီးရာ (Rajib Bhattacharya)က သတင်းယူဖို့ အသွားမှာ မြန်မာအစိုးရက ဖမ်းဆီးလိုက်တာပါ။

သတင်းထောက်ရာဂျစ်ဟာ အိန္ဒိယပြည် ဂိုဟာတီးမြို့အခြေစိုက် ဆဲဗင်း စစ္စတားပို့ စ် နေ့စဉ်သတင်းစာမှာ တာဝန်ထမ်းနေတဲ့ သတင်းထောက်တဦး ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံက သတင်းထောက်တယောက်ကို ဖမ်းထားတယ်လို့ မြန်မာအာဏာပိုင်တွေရဲ့ ပြောကြားချက်အရ သိရကြောင်း၊ ဒါပေမယ့် ULFA က စစ်ဦးစီးအရာရှိတဦးဖြစ်တဲ့ ပါရပ် ဘာရူခ်ျ (Paresh Baruah) ကို ဖမ်းထားတယ် ဆိုတဲ့ သတင်းကိုတော့ သူတို့ မသိရသေးကြောင်း အာကေဆင်းက ပြောပါတယ်။

အိန္ဒိယ Eastern Panorama (News magazine) သတင်း အယ်ဒီတာတဦးဖြစ်တဲ့ မစ္စတာ နာဗာ တာကူရီယာက အိန္ဒိယသတင်းထောက်ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးထားတဲ့အပေါ် ခုလို ပြောဆိုသွားပါတယ်။

“သတင်းထောက် တယောက်အနေနဲ့ ကမ္ဘာမှာရှိတဲ့ ဘယ်နိုင်ငံကိုမဆို တရားဝင် သွားရောက် သတင်းယူပိုင်ခွင့်ရှိတဲ့ အကြောင်း အိန္ဒိယသတင်းထောက် တယောက် အခုလို ဖမ်းဆီးထားမှုကို အိန္ဒိယအစိုးရက တဆင့်​ ​မြန်မာအဏာပိုင်တွေကို​ ​မေတ္တာရပ်ခံတောင်းဆိုသွားမှာ​ ​ဖြစ်တဲ့အကြောင်း တကယ်တော့ ဒီသတင်းထောက်ဟာ မြန်မာပြည်အတွက် ဘာမှအန္တရာယ်မပြုဘဲနဲ့ အိန္ဒိယနိုင်ငံရဲ့ သူပုန်ခေါင်းဆောင်တဦးကို တွေ့ဆုံသတင်း ယူဖို့သာ​ ​ဖြစ်တယ်​။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013