A d v e r t i s e m e n t With Us

အဖွဲ့​ချုပ်​ခေါင်း​ဆောင် ဦး​တင်ဦး​ ​ရွေး​ကောက်ပွဲဝင်ပြိုင်မည်မဟုတ်

လာမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲ​တွေမှာ လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​အဖြစ် ဝင်​ရောက်ယှဉ်ပြိုင် အ​ရွေး​ခံမှာ မဟုတ်ဘူး​လို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ခေါင်း​ဆောင် ဦး​တင်ဦး​က ​ပြောကြား​လိုက်ပါတယ်။ “အသက်ကြီး​ပြီဗျာ။ လူငယ်​တွေကို အစား​ထိုး​ချင်ပြီဗျာ၊​ လူငယ်​တွေ ရှိပါတယ်ခင်ဗျ။ ကျ​နော်က​တော့​ မဝင်ပါဘူး​ခင်ဗျ။ ​တော်​လောက်ပါပြီ၊​ လွှတ်​တော်ထဲမှာ ​ပြောချင်ဆိုချင်စိတ်လည်း​ မရှိပါဘူး​ခင်ဗျာ” လို့​ အသက် ၈၅ နှစ် အရွယ် ဦး​တင်ဦး​က ဒီဗွီဘီကို ​ပြောပါတယ်။ ဒါ​ပေမယ့်​ ပါတီရဲ့​ ရည်မှန်း​ချက်​တွေ ​အောင်မြင်​အောင် ကိုယ်စွမ်း​ဥာဏ်စွမ်း​ ရှိသ​လောက် ဝန်း​ရံပံ့​ပိုး​ ကူညီသွား​မယ်လို့​ ​ပြောပါတယ်။ ကာကွယ်​ရေး​ဦး​စီး​ချုပ်​ဟောင်း​နဲ့​ အန်အယ်လ်ဒီ စတင်ထူ​ထောင်ရာမှာ ပါဝင်ခဲ့​တဲ့​ ဦး​တင်ဦး​ဟာ ပြီး​ခဲ့​တဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲနဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲ ကျင်း​ပချိန်​တွေမှာ ​နေအိမ် အကျယ်ချုပ်နဲ့​ ထိမ်း​သိမ်း​ခံခဲ့​ရတာပါ။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အ​နေနဲ့​ မှတ်ပုံပြန်တင်ပြီး​ ​ရွေး​ကောက်ပွဲ​တွေမှာ ပါဝင်ယှဉ်ပြိုင်ဖို့​ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၁၈ ရက်​နေ့​က ဆုံး​ဖြတ်လိုက်ပြီး​နောက်မှာ ဦး​တင်ဦး​ အပါအဝင် ၂၁ ဦး​က ပါတီထူ​ထောင် လို​ကြောင်း​ ​ရွေး​ကောက်ပွဲ ​ကော်မရှင်မှာ ​လျောက်ထားဆဲ ဖြစ်ပါတယ်။ ပါတီအ​နေနဲ့​ တည်​ထောင်ခွင့်​နဲ့​ မှတ်ပုံတင်ခွင့်​ ရပြီး​ပါက ပါတီဝင်​တွေကို ပြန်လက်ခံဖို့​ ပြင်ဆင်မှု​တွေ ပြုလုပ်​နေတယ်လို့​ သိရပါတယ်။ ပါတီဝင်အ​ရေအတွက် တသန်း​လောက်ထိ ​လျောက်ထား​နိုင်တယ်လို့​လည်း​ ပြည်တွင်း​ထုတ်ဂျာနယ်​တွေမှာ ခန့်​မှန်း​ချက်​တွေ ထွက်​ပေါ်​နေပါတယ်။ ဒါ​ပေမယ့်​ ဒီအ​ရေအတွက်ကို အန်အယ်လ်ဒီပါတီက​တော့​ အတည်ပြု ​ပြောဆိုခြင်း​ မရှိပါဘူး​။ ပါတီ ​ပြောခွင့်​ရသူ ဦး​ညဏ်ဝင်း​က “ကျ​နော်တို့​ အ​ရေအတွက်ကို အဲဒီလို ဆုံး​ဖြတ်ချက် သတ်မှတ်ချက် မရှိပါဘူး​။ မြန်မာနိုင်ငံတွင်း​က စည်း​ကမ်း​နဲ့​ ညီညွတ်တာ ကျ​နော်တို့​သတ်မှတ်ချက်နဲ့​ ညီညွတ်တာ ဝင်လာသမျှ လက်ခံရမှာပဲ​လေ အ​ရေအတွက် ​ပြောတာက​တော့​ ကိုယ့်​ဘာသာကိုယ် ခန့်​မှန်း​ပြီး​ ​ပြော​နေကြတဲ့​သ​ဘောပါ။”လို့​ပြောပါတယ်။ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ပြည်နယ်နဲ့​တိုင်း​ မြို့​နယ်​တွေမှာ ရုံး​ခွဲ​ပေါင်း​ ၃၀၀ ​လောက် ဖွင့်​လှစ်ထား​တာ ဖြစ်ပါတယ်။ ၁၉၉၀ ​ရွေး​ကောက်ပွဲ ကျင်း​ပတဲ့​ ကာလဝန်း​ကျင်မှာ ပါတီဝင် အ​ရေအတွက် ၂ သန်း​လောက် ရှိတယ်လို့​ ခန့်​မှန်း​ခဲ့​ကြဖူး​ပါတယ်။ ​နောက်ပိုင်း​မှာ အာဏာပိုင်​တွေက ပါတီရုံး​တွေကို ဝင်​ရောက် စီး​နင်း​ချိတ်ပိတ်ပြီး​နောက် ပါတီဝင်​တွေရဲ့​ အ​ထောက်အထား​ မှတ်တမ်း​တွေ ဆုံး​ရှုံး​သွား​ခဲ့​ရတာပါ။ မြန်မာအစိုး​ရက​တော့​ အန်အယ်လ်ဒီကို တည်​ထောင်ခွင့်​ပြု ​လျှောက်ထား​ချက်ကို ခွင့်​ပြုခြင်း​ မရှိ​သေး​တဲ့​အပြင် ၂၀၁၀ ​ရွေး​ကောက်ပွဲအပြီး​ လစ်လပ် မဲဆန္ဒနယ်​တွေအတွက် ကြား​ဖြတ်​ရွေး​ကောက်ပွဲ​တွေကိုလည်း​ လာမယ့်​ ၃ လ အတွင်း​ ကျင်း​ပဦး​မှာ မဟုတ်ဘူး​လို့​ကြေညာထား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up