Home
မြန်မာသတင်း
အမွေတောင်းတာ မပေးသဖြင့် သားဖြစ်သူက မိခင်အားရိုက်နှက်ပြီး နေအိမ်မီးရှို့
DVB
·
January 20, 2017
နမ့်စန်မြို့မှာ အမွေတောင်းတာကို မပေးလို့ဆိုပြီး သားဖြစ်သူက မိခင်အား ရိုက်နှက်ပြီး နေအိမ်အား မီးရှို့ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့မှာ ဒီနေ့ မနက် ၇ နာရီ ဝန်းကျင် အချိန်လောက် အမှတ် ၃ ရပ်ကွက် အတုလကာရီ ကျောင်းလမ်းက နေအိမ်ကို မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာပါ။ နေအိမ်ပိုင်ရှင်မှာ ဒေါ်နှင်းမွေးဖြစ်ပြီ သားဖြစ်သူ ကိုကိုဦးက အမွေတောင်းရာ အမွေမပေးလို့ဆိုပြီး ရိုက်နှက်ခဲ့တာကြောင့် မိခင်ဖြစ်သူက သားဖြစ်သူကိုဆုံးမပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်တန်းစဉ် နေအိမ်ကို မီးရှို့ခဲ့တာလို့ နမ့်စမ်မြို့မရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးသတ်ယာဉ်တွေနဲ့ ရပ်ကွက်နေမိဘပြည်သူတွေကို ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့လို့ ၇း၁၅ မိနစ်လောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကာလတန်ဖိုး ၃၇၅၀၀၀ ကျပ် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ သားဖြစ်သူ ကိုကိုဦးအား အရေးယူဆောင်ရွက်ပေးဖို့ မိခင်ဖြစ်သူ ဒေါ်နှင်းမွေးက တရားလိုပြုလုပ်ပြီး နမ့်စန်မြို့မ ရဲစခန်းကို တိုင်းကြားထားလို့ (ပ)၆/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၄၃၆/၃၂ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024