ဒေါ်အောင်ဆန်းစုကြည်နှင့် ရုပ်ရှင်အနုပညာရှင်များ တွေ့ဆုံ
DVB
·
December 4, 2011
ဒီဇင်ဘာလ ၃ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်အဖွဲ့သားတချို့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ တွေ့ဆုံခဲ့ကြပါတယ်။
[caption id="attachment_18507" align="alignnone" width="553" caption="ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ တွေ့ဆုံစဉ် (photo-maungthura facebook)"][/caption]
ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်အနုပညာရှင်တွေ တွေ့ဆုံရာမှာ လာမယ့် ၂၀၁၅ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်ရိုက်ကူးဖို့ ဆွေးနွေးခဲ့ကြပြီး အပြန်အလှန် ပွင့်ပွင်းလင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံဆွေးနွေးပွဲမှာ ကျော်သူ၊ ဇာဂနာ၊ ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ ရန်အောင်၊ ရဲအောင်၊ ပြေတီဦး၊ နေတိုး၊ လူမင်း၊ နိုင်နိုင်း၊ ၀ိုင်း၊ ဝေဋ္ဌုကျော်၊ လွင်မိုး၊ ဇင်ဝိုင်း၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်ကျော်ဗို၊ နေမင်း၊ မိုးမိုး၊ ခန့်စည်သူ၊ သူထူးစံ၊ ညီနန္ဒ၊ နေဆန်း၊ မိုးအောင်ရင်၊ ဖိုးသောကြာ၊ ဇေယျ၊ သီးလေးသီးအဖွဲ့၊ ဖိုးချစ်၊ ငှက်ပြောကြော်၊ ကုသိုလ်၊ ကင်းကောင်၊ ချိုပြုံး၊ ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ သင်ဇာဝင့်ကျော်၊ ချစ်သုဝေ၊ ဖွေးဖွေး၊ ဒါရိုက်တာ ကြည်ဖြူရှင်၊ မျိုးစန္ဒီကျော်၊ ခင်လေးနွယ်၊ မေကဗျာ၊ ချောရတနာ၊ ခိုင်နှင်းဝေ၊ ရေဗက္ကာဝင်း၊ မြင့်မြင့်ခိုင်၊ နန်းစုရတီစိုး၊ ၀ိုင်းစုခိုင်သိန်း၊ စန္ဒီမြင့်လွင်၊ ချစ်စနိုးဦး၊ ပုလဲဝင်း၊ နိုဘယ်လ်ကျော်ကျော် စတဲ့ နာမည်ကြီး အနုပညာရှင် တော်တော်များများ တက်ရောက်ကြပါတယ်။