DVB Logo
Home
မြန်မာသတင်း
ထိုင်း​-မြန်မာ ချစ်ကြည်​ရေး​တံတား​ပြန်ဖွင့်​မည်
DVB
·
December 3, 2011
ထိုင်း​-မြန်မာ ချစ်ကြည်​ရေး​တံတား​ပြန်ဖွင့်​မည်
Donate to DVB

လွန်ခဲ့​တဲ့​ တစ်နှစ်​ကျော်ကတည်း​က ပိတ်ထား​ခဲ့​တဲ့​ မြဝတီ-မဲ​ဆောက် ချစ်ကြည်​ရေး​ တံ တား​ကိုလာမယ့်​ ဒီဇင်ဘာ ၅ ရက်​နေ့​ ထိုင်း​ဘုရင်ကြီး​မွေး​နေ့​မှာ ပြန်လည်ဖွင့်​လှစ်မယ်လို့​ မြန်မာနယ်စပ်နဲ့​ကပ်​နေတဲ့​ တပ်ခရိုင်က ထိုင်း​ အာဏာပိုင်​တွေက အတည်ပြု​ပြောကြား​ လိုက်ပါတယ်။

မြဝ​တီ​တံ​တား

တပ်ခရိုင် ဒုအုပ်ချုပ်​ရေး​မှူး​ ဝူသီ ဆီသီဆူရတ် ကထိုင်း​မီဒီယာ​တွေကို ​ပြောကြား​လိုက် တာဖြစ်ပြီး​ မြဝတီ မြို့​နယ် အုပ်ချုပ်​ရေး​မှူး​က ပြန်ဖွင့်​လှစ်​ပေး​မှာဖြစ်တယ်လို့​ ဒီက​နေ့​ ထိုင်း​နိုင်ငံထုတ် ဘန်​ကောက်ပို့​စ်သတင်း​စာ အွန်လိုင်း​သတင်း​မှာ​ဖော်ပြပါတယ်။

တံတား​ဖွင့်​ပွဲကို ​နေပြည်​တော်က အဆင့်​မြင့်​မြန်မာအစိုး​ရ တာဝန်ရှိသူ​တွေ တက်​ရောက်ဖိုရှိပြီ့း​​ တပ်ခရိုင်ကုန်သည်ကြီး​များ​ အသင်း​နဲ့​ ထိုင်း​စက်မှုလုပ်ငန်း​ အသင်း​ချုပ်က တာဝန်ရှိသူ​တွေကိုလည်း​ မြန်မာဘက်က ဖိတ်ကြား​ထား​တယ်လို့​ သတင်း​က ဆိုပါတယ်။

ဒီသတင်း​နဲ့​ ပတ်သက်ပြီး​ မြန်မာဘက်ကို ဆက်သွယ်လို့​ မရ​သေး​ပေမယ့်​ ပြည်တွင်း​ထုတ် 7Day News ဂျာနယ်မှာ​တော့​ မြန်မာ နယ်စပ် ကုန်သွယ်​ရေး​ ညွှန်ကြား​မှုဦး​စီး​ဌာန ဒုတိယညွှန်ကြား​ရေး​မှူး​ ​ဒေါ်ချယ်ရီ​မောင်က ဒီဇင်ဘာ ၅ ရက်​နေ့​မှာ တံတား​ပြန်ဖွင့်​ပေး​ဖို့​ ရှိတယ်လို့​ ​ပြောတဲ့​အ​ကြောင်း​ ​ဖော်ပြပါတယ်။

မြန်မာနိုင်ငံ မြဝတီမြို့​နဲ့​ ထိုင်း​နိုင်ငံ မဲ​ဆောက်မြို့​တို့​ကို ဆက်သွယ်တဲ့​နှစ်နိုင်ငံ ချစ်ကြည်​ရေး​တံတား​ကို ပြီး​ခဲ့​တဲ့​နှစ် ဇူလိုင်လ ၁၈ ရက်က မြန်မာဘက်က ပိတ်ထား​ခဲ့​တာပါ။ ပြီး​ခဲ့​တဲ့​လပိုင်း​တွေက​တော့​ ထိုင်း​နိုင်ငံ ဘန်​ကောက်မြို့​ ဝန်း​ကျင်မှာ ​ရေ​ဘေး​ကြုံ​တွေ့​နေရစဉ် ​နေရပ်ပြန်တဲ့​ မြန်မာ အလုပ်သမား​တွေအတွက် မြန်မာဘက်က တံတား​ကို ​ခေတ္တဖွင့်​လှစ်​ပေး​ခဲ့​ဖူး​ပါတယ်။

တံတား​ပိတ်ထား​တာ​ကြောင်း​ တရား​ဝင် နယ်စပ်ကုန်သွယ်​ရေး​လုပ်ငန်း​တွေ ရပ်ဆိုင်း​သွား​ပြီး​ အထူး​သဖြင့်​ ထိုင်း​ကုန်သည်​တွေ ဘက်က ​နေ့​စဉ် ဘတ်​ငွေသန်း​နဲ့​ချီ ထိခိုက်နစ်နာခဲ့​ရတာ ဖြစ်ပါတယ်။

လက်ရှိ ထိုင်း​ဝန်ကြီး​ချုပ် ယင်လပ်ရှင်နာဝပ်​ရော ဝန်ကြီး​ချုပ်​ဟောင်း​ အဘိဆစ်ဝိချာချီဝတို့​ပါ မြန်မာနိုင်ငံကို လာ​ရောက်ခဲ့​တဲ့​ ခရီး​စဉ်​တွေအတွင်း​ ထိုင်း​-မြန်မာ ချစ်ကြည်​ရေး​တံတား​ကို ပြန်ဖွင့်​ပေး​ဖို့​ မြန်မာနိုင်ငံအစိုး​ရထံ ​မေတ္တာရပ်ခံခဲ့​ဖူး​ပါတယ်။ ​သောင်ရင်း​မြစ်ကိုဖြတ်ပြီး​ မြဝတီနဲ့​ မဲ​ဆောက်မြို့​ကို ဆက်သွယ် ​ဖောက်လုပ်ထား​တဲ့​ တံတား​ကို ၁၉၉၇ ခုနှစ်မှာ ဖွင့်​လှစ်ခဲ့​တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013