၂၀၁၇ ဘဏ္ဍာနှစ်တွင် အသက် ၉၀ ကျော် ဘိုးဘွားများကို လစဉ် ကျပ် ၁ သောင်း ပေးအပ်မည်

၂၀၁၇ ဘဏ္ဍာနှစ်ကစပြီး အသက်ကိုးဆယ်ကျော်တွေကို လစဉ် ကျပ်တစ်သောင်း ပေးအပ်သွားမယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ “လာမယ့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီး အသက် ကိုးဆယ်ကျော် အဘိုး၊ အဘွားတွေကို သက်ကြီးပင်စင်ပေးသွားမယ်။ အများကြီးတော့ မဟုတ်ဘူး။ ၁ လကို ကျပ် ၁ သောင်းတည်းပါ။ နည်းတယ်လို့ထင်ရပေမယ့် ကျနော်တို့က အများအားနဲ့ ပေးရမှာဖြစ်တယ်။ အရင်ကလို တနှစ်လုံးမှ တခါပေးတာ မဟုတ်ဘူး။ လစဉ်ပေးသွားမှာ”လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့ နေပြည်တော်မှာရှိတဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေးရုံးမှာ ပြုလုပ်တဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ အဲဒီ သက်ကြီးရွယ်အိုများ ကာကွယ်ရေးဆိုက်ရာဥပဒေကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။ နည်းဥပဒေကိုတော့ လာမယ့်လပိုင်းအတွင်း လွှတ်တော်ကို တင်ပြသွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up