Home
မြန်မာသတင်း
ခရီးသည်စုပြုံနေသည့် အချိန်များတွင်သာ အခမဲ့ယာဉ်များ ပြေးဆွဲပေးရန် မေတ္တာရပ်ခံ
DVB
·
January 19, 2017
ရန်ကုန်မြို့တွင်းပြေးဆွဲတဲ့ YBS ဘတ်စ်ကားစနစ်သစ် အပြောင်းအလဲမှာ အခက်အခဲတွေကို ကူညီဖြေရှင်းပေးနေတဲ့ အခမဲ့ယာဉ်လိုင်းတွေအနေနဲ့ သတ်မှတ်ယာဉ်လိုင်းတွေ စီးရေပြည့်မီအောင်မပြေးဆွဲနိုင်ပဲ ခရီးသွားတွေ စုပြုံနေတဲ့ အချိန်တွေမှာ ကူညီပြေးဆွဲပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
ဇန်န၀ါရီ ၁၉ ရက်နေ့ Yangon Bus Service ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ အခုလို မေတ္တာရပ်ခံလိုက်တာ ဖြစ်ပါတယ်။
ခရီးသွားပြည်သူတွေဟာ အခပေးယာဉ်လိုင်းတွေကို မစီးတော့ဘဲ မစီးတော့ပဲ အခမဲ့ယာဉ်တွေကိုသာ စောင့်ဆိုင်းစီးနင်းတာ၊ အခမဲ့ယာဉ်တွေဟာ သတ်မှတ်လမ်းကြောင်းတွေအတိုင်း မပြေးဆွဲလို့ ခရီးသွားပြည်သူတွေ ယာဉ်လိုင်းအမှန်ကို မသိရှိတော့တာ စတဲ့ အခြေနေတွေဖြစ်ပေါ်နေတာကြောင့် အခုလို မေတ္တာရပ်ခံရတာလို့ ဆိုပါတယ်။ ကူညီပြေးဆွဲပေးတဲ့ စေတနာ့ဝန်ထမ်း အခမဲ့ယာဉ်တွေကို အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ပထမနေ့က မော်တော်ယာဉ်လိုင်းတွေက ကားတွေလုံလောက်စွာ မပြေးဆွဲနိုင်လို့ ခရီးသည်တွေအနေဲ့ အခမဲ့ကူညီတဲ့ယာဉ်တွေကို အားကိုးအားထားပြုခဲ့ရကြောင်း၊ အခုအခါ မော်တော်ယာဉ် လိုင်းတွေ သတ်မှတ်စီးရေပြည့်မီအောင်ပြေးဆွဲဖို့ ကြိုးစားနေကြောင်းလည်း ဖော်ပြထားပါတယ်။ ဒါကြောင့် အခမဲ့ယာဉ်တွေအနေနဲ့ ခရီးသွားတွေ စုပြုံနေတဲ့ အချိန်တွေမှာသာ ကူညီပြေးဆွဲပေးဖို့နဲ့ ပြေးဆွဲပါကလည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ပြေးဆွဲပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024