တရုတ်နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာအမျိုးသမီးဘောလုံးအသင်း (ဓာတ်ပုံ)

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ လေးနိုင်ငံ ဖိတ်ခေါ်အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ယူကရိန်းအသင်းနဲ့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပွဲဦးထွက် ပွဲစဉ်ကစားဖို့ ရှိနေပါတယ်။ ဖိုရှန်မြို့မှာ ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ အိမ်ရှင်တရုတ်၊ မြန်မာ၊ ထိုင်းနဲ့  ယူကရိန်းလက်ရွေးစင်အသင်းတွေ  ဝင်ရောက်ယှဉ်ပြိုင်နေကြတာဖြစ်ပြီး အုပ်စုပတ်လည်ကစားရာမှာ အမှတ်အများဆုံးရတဲ့ အသင်း ဗိုလ်စွဲမှာဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နည်းပြချုပ် ရော်ဂျာကတော့ ဒီပြိုင်ပွဲကနေ အတွေ့အကြုံကောင်း တွေရလိမ့်မယ်လို့  ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ဒီပြိုင်ပွဲဟာ မြန်မာအမျိုးသမီးအသင်းအတွက် အများကြီးတန်ဖိုးရှိတဲ့ ပြိုင်ပွဲတစ်ခုပါ။ ယူကရိန်း၊ ထိုင်း၊ တရုတ် အသင်း ၃သင်းလုံးက မြန်မာအသင်းထက် ပိုပြီး ကမ္ဘာ့အဆင့်ပိုမြင့်တဲ့ အသင်းတွေပါ။ မြန်မာအမျိုးသမီးအသင်းအနေနဲ့ ဒီပွဲကနေ အတွေ့အကြုံတွေအများကြီးရမှာပါ။" မြန်မာအမျိုးသမီးအသင်းဟာ ဇန်န၀ါရီ ၂၁ ရက်မှာ အိမ်ရှင်တရုတ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဇန်န၀ါရီ ၂၄ ရက်မှာတော့ ဒေသတွင်းပြိုင်ဘက် ထိုင်းအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up