DVB Logo
Home
မြန်မာသတင်း
အေ​အိုင်​ဒီ​အက်စ်​ ​ဝေ​ဒ​နာ​ရှင်​များ​​ ဆေး​ဝါး​အကူအညီဆက်ရရန်​ အခက်​တွေ့
DVB
·
December 3, 2011
အေ​အိုင်​ဒီ​အက်စ်​ ​ဝေ​ဒ​နာ​ရှင်​များ​​ ဆေး​ဝါး​အကူအညီဆက်ရရန်​ အခက်​တွေ့
Donate to DVB

မြန်မာနိုင်ငံက ​အေအိုင်ဒီအက်စ်​ရောဂါ ​ဝေဒနာရှင်​တွေအတွက် ​ဆေး​ဝါး​ အပါအဝင် အကူအညီ​တွေ ဆက်ရဖို့​ မ​ရေမရာဖြစ်​နေတဲ့​အတွက် အိတ်ခ်ျအိုင်ဗွီ အ​ရေး​ အကူညီ​ပေး​နေတဲ့​ အဖွဲ့​တွေ ပူး​ပေါင်း​ပြီး​ ရန်ကုန်မြို့​ ယုဒသန် ခန်း​မမှာ ရန်ပုံ​ငွေရှာ​ဖွေပွဲတခု ဒီက​နေ့​ညနေက ပြုလုပ်ခဲ့​ပါတယ်။

ကမ္ဘာတဝန်း​မှာ ​အေအိုင်ဒီအက်စ်၊​ တီဘီနဲ့​ ငှက်ဖျား​ရောဂါ ၃ မျိုး​ တိုက်ဖျက်​ရေး​ အကူအညီ​ပေး​နေတဲ့​ ဂလိုဘယ်ဖန်း​ နိုင်ငံတကာ အန်ဂျီအိုအဖွဲ့​ကြီး​က ​ငွေ​ကြေး​အကူအညီ​တွေ ​လျော့​ချဖို့​ရှိ​နေတဲ့​အတွက် မြန်မာနိုင်ငံက အိတ်ချိတ်အိုင်ဗွီကာကွယ်​ရေး​နဲ့​ ကုသ​ရေး​ ​ဆောင်ရွက်​နေတဲ့​ အဖွဲ့​တွေဟာလည်း​ လာမယ့်​နှစ်​တွေမှာ ​ရှေ့​ဆက် ရန်ပုံ​ငွေ​တွေ ထပ်ရဖို့​နဲ့​ လုပ်ငန်း​တွေ တိုး​ချဲ့​နိုင်ဖို့​ အ​ရေး​ အခက်​တွေ့​နေကြတာပါ။

အထူး​သဖြင့်​ မြန်မာနိုင်ငံက ​ဆေး​သောက်ဖို့​လို​နေတဲ့​ အိတ်ခ်ျအိုင်ဗီပိုး​ ကူး​စက်ခံ​နေရသူအတွက် ​ဆေး​ဝါး​ အကူအညီ ရန်ပုံ​ငွေရဖို့​ မြန်မာနိုင်ငံတွင်း​မှာ ရန်ပုံ​ငွေရှာပွဲ ကျင်း​ပတာလို့​ အိတ်ခ်ျအိုင်ဗွီ ပိုး​ကူး​စက်ခံ​နေရသူ​တွေနဲ့​ ဖွဲ့​ထား​တဲ့​ မြန်မာ​ပေါ့​စတစ်အုပ်စုက ကိုသီဟကြိုင်က ​ပြောပါတယ်။

“ဂလိုဘယ်လ်ဖန်း​က တကမ္ဘာလုံး​ကို ရပ်တဲ့​အခါကျ​တော့​ ကျ​နော်တို့​ လူထု​တွေ ပိုမို ပါဝင်လာပြီး​တော့​ ကိုယ့်​တိုင်း​ပြည်က စီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေပဲ ဖြစ်ဖြစ်၊​ အလှူရှင်​တွေပဲ ဖြစ်ဖြစ် ပူး​ပေါင်း​ပါဝင်လာနိုင်ရင်​တော့​ တ​ထောင့်​တ​နေရာက တခုခု​တော့​ အဆင်​ပြေမယ်ဆိုပြီး​ ကျ​နော်တို့​က ဒီပွဲကို ရည်ရွယ်တာ ဖြစ်ပါတယ်။”

ဒီရန်ပုံ​ငွေရှာ​ဖွေပွဲမှာ လိင်အလုပ်သမ​တွေ၊​ မူး​ယစ်​ဆေး​သုံး​စွဲသူ​တွေ အပါအဝင် အိတ်ချိတ်ခ်ျအိုင်ဗွီ ကာကွယ် ကုသပညာ​ပေး​ လုပ်ငန်း​တွေ ​ဆောင်ရွက်​နေတဲ့​ ကွန်ရက်အဖွဲ့​ ၇ ခု ပါဝင်ပြီး​ တနိုင်တပိုင်ထုတ်လုပ်ထား​တဲ့​ လက်မှုပစ္စည်း​နဲ့​ အစား​အစာ​တွေ ​ရောင်း​ချပြီး​ စင်တင်ဂီတ၊​ အကနဲ့​ ပြဇာတ်​ဖျော်​ဖြေပွဲ​တွေ၊​ အ​မေး​အ​ဖြေနဲ့​ ပ​ဟေဋ္ဌိ ဥာဏ်စမ်း​ပြိုင်ပွဲ​တွေ အပါအဝင် ပညာ​ပေး​ ​ဖျော်​ဖြေပွဲ​တွေ ပြုလုပ်ပြီး​ ရန်ပုံ​ငွေရှာခဲ့​ကြတာပါ။

ဒီပွဲကို အစိုး​ရ၊​ ကုလသမဂ္ဂနဲ့​ အန်ဂျီအို အဖွဲ့​အစည်း​တွေက ပုဂ္ဂိုလ်​တွေ၊​ အိတ်ခ်ျအိုင်ဗွီ အ​ရေး​စိတ်ဝင်စား​တဲ့​ အနုပညာရှင်​တွေ စီး​ပွား​ရေး​သမား​တွေနဲ့​ လူငယ်လူရွယ်​တွေ စုစု​ပေါင်း​ ၅၀၀ ဝန်ကျင် တက်​ရောက်ခဲ့​တယ်လို့​ သိရပါတယ်။

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး​ ကူး​စက်ခံ​နေရသူ​ပေါင်း​ ၂ သိန်း​ ၃ ​သောင်း​ ​လောက်ရှိတယ်လို့​ မြန်မာအစိုး​ရနဲ့​ ကုလသမဂ္ဂ ယူအန်​အေအိုင်ဒီအက်စ်အဖွဲ့​တို့​က ခန့်​မှန်း​ထား​ပြီး​ အိတ်ခ်ျအိုင်ဗွီတန့်​ဆေး​ ​သောက်ဖို့​ လို​နေသူ​ပေါင်း​ ၇ ​သောင်း​ က​နေ ၁ သိန်း​ ၂ ​သောင်း​လောက်အထိ ရှိ​နေတာပါ။

ဒါ​ပေမယ့်​ လတ်တ​လော ​ဝေဒနာရှင် ၃ ​သောင်း​လောက် အတွက်ပဲ အစိုး​ရနဲ့​ အန်ဂျီအို​တွေက ​ဆေး​ဝါး​ကူညီပံ့​ပိုး​နိုင်​သေး​ပြီး​ ၂၀၁၅ မှာ လူ ၄ ​သောင်း​ဆေး​ပေး​နိုင်ဖို့​ ​မျှော်မှန်း​ထား​တာပါ။ ဒါ​ပေမယ့်​ ဒီရည်မှန်း​ချက်ပြည့်​မီဖို့​ ရန်ပုံ​ငွေထပ်ရဖို့​ မ​သေချာတဲ့​ အ​ခြေအ​နေနဲ့​ကြုံ​တွေ့​နေရတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013