မန်ယူလူငယ်ကစားသမားများ အီဘရာဟီမိုဗစ်ခ်ျထံမှ သင်ယူသင့်ဟု ရက်ရှ်ဖို့ဒ် ပြော

ဓာတ်ပုံ - ရိုက်တာ
အီဘရာဟီမိုဗစ်ခ်ျဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ကစားသမားတဦးဖြစ်တာကြောင့် မန်ယူအသင်းက လူငယ်ကစားသမားတွေအနေနဲ့ မိုဗစ်ထံမှ အတွေ့အကြုံကောင်းများစွာကို သင်ယူသင့်တယ်လို့ မားကပ်စ်ရက်ရှ်ဖို့ဒ်က ပြောကြားခဲ့ပါတယ်။ ကစားချိန်တွေ၊ လေ့ကျင့်ခန်းဆင်းချိန်တွေမှာ အီဘရာဟီမိုဗစ်ခ်ျနဲ့ အတူရှိနေတာဟာ မန်ယူအသင်းရဲ့ လူငယ်ကစားသမားတွေအတွက် အဖိုးမဖြတ်နိုင်ဘူးလို့လည်း ပြောပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ရက်ရှ်ဖို့ဒ်က နောက်ထပ်ကစားသမားတဦးဖြစ်တဲ့ ဝိန်းရွန်နီကိုလည်း ချီးကျူးပြောကြားခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ရွန်နီကန်တဲ့ပွဲတိုင်းကို သူငယ်ငယ်လေးကတည်းက ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ မန်ယူအသင်းဟာ လက်ရှိအချိန်မှာတော့ ထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ ၁၂ မှတ်အကွာ အဆင့် ၆ နေရာမှာ ရောက်ရှိနေပြီးတော့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စတုတ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up