တပ်အင်အား မဖြည့်တင်းရန်နှင့် စခန်းသစ်မဆောက်ရန် တပ်မတော် ပြောဆို

တပ်​အင်​အားမဖြည့်တင်းဖို့၊ တပ်​စခန်းသစ်​မ​ဆောက်​ဖို့ အချက်​​တွေကို မလိုက်​နာလို့ တိုင်းရင်းသား လက်​နက်​ကိုင်​​တွေနဲ့ တိုက်​ပွဲ​တွေဖြစ်​​နေရတာဖြစ်​တယ်​လို့ တပ်​မ​တော်​ဘက်​က ​ပြောဆိုလိုက်​ပါတယ်​။ “တပ်​အင်​အား မဖြည့်​တင်းဖို့၊ တပ်​စခန်းသစ်​ မ​ဆောက်​ဖို့ သ​ဘောတူထားပြီးသား။ ရှိပြီးသား အင်အားကိုပဲ ထိန်းရမယ်။ ​​ရှမ်း​မြောက်​မှာ ဘာလို့တိုက်​ပွဲ​တွေဖြစ်​​နေတာလည်း အဲအချက်​​တွေ မလိုက်​နာလို့ဖြစ်​​နေတာ။ လိုက်​နာ​တဲ့ တိုင်းရင်းသားလက်​နက်​ကိုင်​​တွေနဲ့ ဖြစ်​စရာမရှိဘူး။ နှစ်​ဖတ်​​တပ်​​တွေ စည်းကမ်းချက်​​တွေကို လိုက်​နာပြီး နိုင်​ငံ​ရေး​ဆွေး​နွေးပွဲ​တွေနဲ့ အ​ဖြေရှာရမှာ”လို့ ဒုတိယဗိုလ်​ချုပ်​ကြီး ရဲ​အောင်​က​ပြောပါတယ်​။ ဇန်​နဝါရီ ၁၉ ရက်​​နေ့က ​နေပြည်​​တော်​​မှာရှိတဲ့ NRPC အ​ဆောက်​အအုံမှာ ပြုလုပ်​တဲ့ Peace Process Orientation Course(1/2017) မှာ ​ပြောဆိုခဲ့တာဖြစ်​ပါတယ်​။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ)အတွက်​ တိုင်းရင်းသားလက်​နက်​ကိုင်​ အဖွဲ့​တွေနဲ့ မြန်​မာ့တပ်​မ​တော်​ဟာ တရားဝင်​ ၉ ကြိမ်​​ဆွေး​နွေးခဲ့ပြီး အလွပ်​သ​ဘောနဲ့ ၂၈ ကြိမ်​​ ဆွေး​နွေးခဲ့ပါတယ်​။ သတင်း - အောင်ဆန်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up