မန်ယူကစားသမား ဒီပေး လိုင်ယွန်သို့ ပြောင်းရွှေ့တော့မည်

ဓာတ်ပုံ - ရိုက်တာ
မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ တိုက်စစ်မှူး မန်းဖစ် ဒီပေးဟာ ပြင်သစ် လီဂူး ၁ ကလပ် လိုင်ယွန်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၁ ဒသမ ၆ သန်းနဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။ ဒီပေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက ကစားခွင့်မရခဲ့တာဖြစ်ပြီး နည်းပြ မော်ရင်ဟိုက ထွက်ခွာခွင့်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ နယ်သာလန်တိုက်စစ်မှူးလည်းဖြစ်တဲ့ ဒီပေးဟာ ဇန်နဝါရီ ၁၈ ရက်နေ့က ပြင်သစ်ကို ရောက်ရှိပြီး ဆေးစစ်မှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပေးဟာ ပီအက်စ်ဗွီအသင်းကနေ ပေါင် ၂၅ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အစပိုင်းမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ကစားပုံ အံမဝင်တာနဲ့ ပွဲထွက်ကစားခွင့် မရတာကြောင့် အသင်းကနေ ပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up