ဟော်ရီဇွန် ဖိတ်ခေါ် စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲ ကျင်းပမည်

ဟော်ရီဇွန် အင်တာနေရှယ်နယ်ကျောင်း (Horizon International Schools) ကနေ ၉ ကြိမ်မြောက် ကျောင်းပေါင်းစုံ ဖိတ်ခေါ် စားပွဲတင်တင်းနစ် ချန်ပီယံရှစ်ပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်နေ့ကျရင် ရန်ကုန် ဟော်ရီဇွန် အင်တာနေရှင်နယ်ကျောင်း ရှုခင်းသာကျောင်းခွဲဖြစ်တဲ့ အမှတ် ၂၃၅၊ ရှုခင်းသာမြို့ပတ်လမ်း၊ သာကေတမြို့နယ်မှာ ကျင်းပသွားဖို့ ရှိပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ဇန်နဝါရီ ၂၈ ရက်နေ့ကျရင် မန္တလေး ဟော်ရီဇွန် အင်တာနေရှင်နယ်ကျောင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ဟော်ရီဇွန် အားကစားအကယ်ဒမီက ဦးဆောင်ပြုလုပ်ပြီး မြန်မာနိုင်ငံ စားပွဲတင်တင်းနစ် အဖွဲ့ချုပ်နဲ့ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) က ပူးပေါင်းကျင်းပတာပါ။ ဒီပြိုင်ပွဲမှာ အသက် ၁၂ နှစ်အောက်၊ ၁၅ နှစ်အောက်၊ အမျိုးသား အမျိုးသမီးပြိုင်ပွဲ၊ အသက် ၁၈ နှစ်အောက်၊ အသက် ၄၅ နှစ်အောက်၊ အမျိုးသားပြိုင်ပွဲ၊ အမျိုးသား ၂ ယောက်တွဲပြိုင်ပွဲ၊ အမျိုးသားအလွတ်တန်းပြိုင်ပွဲ၊ အမျိုးသမီးအလွတ်တန်းပြိုင်ပွဲဆိုပြီး ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ အခြေခံပညာကျောင်းတွေ၊ တက္ကသိုလ်ကျောင်းတွေ၊ အင်တာနေရှင်နယ်ကျောင်းတွေက အားကစားသမားတွေနဲ့ ပြင်ပဝါသနာရှင်တွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up