DVB Logo
Home
မြန်မာသတင်း
အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ လူမှု​ရေး​လှုပ်ရှား​သူများ​နှင့်​ ​တွေ့​ဆုံ
DVB
·
December 2, 2011
အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ လူမှု​ရေး​လှုပ်ရှား​သူများ​နှင့်​ ​တွေ့​ဆုံ
Donate to DVB

အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန်ဟာ ထင်ရှား​တဲ့​ နိုင်ငံ​ရေး​၊​ လူမှု​ရေး​ငန်း​တွေမှာ ဦး​ဆောင်လုပ်ကိုင်​နေသူ​တွေကို ဒီက​နေ့​ အ​မေရိကန်သံရုံး​မှာ ​တွေ့​ဆုံခဲ့​ပါတယ်။

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​တွေဖြစ်တဲ့​ ကိုဇာဂနာ၊​ ကို​ဇေယျာ​သော်၊​ ကိုမျိုး​ရန်​နောင်သိန်း​နဲ့​ မဇင်မာ​အောင်၊​ အမျိုး​သား​ဒီမိုက​ရေအဖွဲ့​ချုပ် အိပ်ခ်ျအိုင်ဗွီ လူနာ​တွေကို အကူအညီ​ပေး​နေတဲ့​ မဖြူဖြူသင်း​၊​ နာ​ရေး​ကူညီမှုအသင်း​က ​ဒေါ်​ရွှေဇီး​ကွက်၊​ မြန်မာအီး​ဂရက်က ​ဒေါက်တာ​နေဝင်း​မောင်၊​ အပတ်စဉ်ထုတ် ပြည်သူ​ခေတ်ဂျာနယ်က ဆရာ​မောင်ဝံသ၊​ ကရင်အမျိုး​သမီး​အဖွဲ့​က မလှလှစိုး​ တို့​အပြင် လူမှု​ရေး​လုပ်ငန်း​တွေလုပ်​နေတဲ့​ ​ရွှေညဝါ ဆရာ​တော်တို့​ ပါဝင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့​ အ​ခြေအ​နေဟာ ​ပြောင်း​လဲ​နေပြီး​လား​လို့​ အ​မေရိကန်နိုင်ငံခြား​ရေး​ ဝန်ကြီး​ရဲ့​ ​မေး​မြန်း​ချက်ကို နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ၊​ သတင်း​လွတ်လပ် ခွင့်​မရှိ ​သေး​တာအပြင် လူမှု​ရေး​လုပ်ငန်း​တွေကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်​မရသလို အဖွဲ့​စည်း​တွေ ဖွဲ့​စည်း​ခွင့်​လည်း​ မရ​သေး​တာ​တွေကိုလည်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ ​တွေ့​ဆုံပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့​သူ​တွေက ​ပြောပါတယ်။

တွေ့​ဆုံရာမှာ ပါဝင်ခဲ့​တဲ့​ မကြာ​သေး​မီက အကျဉ်း​ထောင်က​နေ လွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​အဖွဲ့​က မဇင်မာ​အောင်က အခုလို ​ပြောပါတယ်။

“သူလုပ်​ပေး​နိုင်တာက​တော့​ ဒီက အချက်အလက်​တွေအ​ပေါ်မှာ ကြည့်​ပြီး​တော့​ သူတို့​ စီး​ပွား​ရေး​ပိတ်ဆို့​မှုကိစ္စကိုလည်း​ စဉ်း​စား​ဖို့​ ဒီဘက်က မသင့်​သေး​ဘူး​ပေါ့​နော် ကျမတို့​ ​ပြောတယ်။ ဒါ​ပေမယ့်​ တခြား​တခြား​သော direct ​ရောက်နိုင်မယ့်​ ဟာမျိုး​ဆိုရင်​တော့​ ​ပေး​သင့်​တယ်။ စီး​ပွား​ရေး​ပိတ်ဆို့​မှုကို ဖယ်ဖို့​ဆိုတာက​တော့​ လုံး​လုံး​ မစဉ်း​စား​သင့်​သေး​ဘူး​ ဆိုတဲ့​အ​ကြောင်း​ကို ​ပြောတယ်။ ​ပြော​တော့​ သူတို့​က ဒါကိုလက်ခံပါတယ်။ ဒါက တကယ့်​ကို ပထမအဆင့်​ပဲ ရှိ​သေး​တယ်​ပေါ့​နော်။ ဒိထက်ပိုပြီး​တော့​ ​နောက်ပြန်မသွား​တဲ့​ ဖွံ့​ဖြိုး​တိုး​တက်မှုမျိုး​ မြင်ရမှသာ သူတို့​က စဉ်း​စား​မယ်။ ဒါ​ပေမယ့်​ ထိ​တွေ့​ဆက်ဆံ​နေဦး​မယ်။ အဓိက ပြည်တွင်း​မှာ ဘယ်လိုအ​ခြေအ​နေ အ​ပြောင်း​အလဲလို့​ ​ပြေ​နေကြတဲ့​ အ​ပေါ်မှာ အ​ပြောင်း​အလဲ တကယ်ဖြစ်​နေပြီလား​ဆိုတာ ပြည်တွင်း​ကလူ​တွေက အသိဆုံး​ ဖြစ်လိမ့်​မယ်။ ဆို​တော့​ အဲဒါ​ကြောင့်​မို့​လို့​ ပြည်တွင်း​မှာ တကယ်လှုပ်ရှား​နေတဲ့​လူ​တွေ လာ​တွေ့​တာပါ​ပေါ့​ သူကအဲဒီလို​ပြောတယ်။ သူလုပ်နိုင်တာက push လုပ်မယ် အကြံ​ပေး​ခဲ့​တယ်။ အထက်လွှတ်​တော် ​အောက်လွှတ်​တော်က ​ခေါင်း​ဆောင်​တွေနဲ့​ရော၊​ ​နောက် သမ္မတဦး​သိန်း​စိန်နဲ့​ရော သူ​တွေ့​ပြီး​တော့​ သူ Push လုပ်ခဲ့​တယ် ​ဆွေး​နွေး​ခဲ့​တယ်။”

နိုင်ငံ​ရေး​အကျဉ်း​သား​တွေကိုလည်း​ ဘယ်လိုပုံစံနဲ့​ သတ်မှတ်သလဲ ဆိုတာကိုလည်း​ အ​မေရိကန်နိုင်ငံခြား​ ​ရေး​ဝန်ကြီး​နဲ့​အဖွဲ့​က အ​သေး​စိတ်​မေး​မြန်း​ကြတယ်လို့​လည်း​ သိရပါတယ်။

အ​မေရိကန်နိုင်ငံခြား​ဝန်ကြီး​က ပြည်တွင်း​အ​ပြောင်း​အလဲ​တွေ ​နောက်ပြန် မလှည့်​ဘဲ တိုး​တက်မှုရှိဖို့​ မြန်မာအစိုး​ရနဲ့​ ထိ​တွေ့​ဆက်ဆံတာ​တွေ လုပ်ဖို့​ ရှိတယ်လို့​လည်း​ ​ပြောသွား​ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013