နိုင်ဂျီးရီးယားက ကျေးရွာတရွာကို သူပုန်စခန်းနှင့်မှားပြီး ဗုံးကြဲ၊ ၅၀ ကျော်သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ ဇန်န၀ါရီ ၁၇ ရက်နေ့က ကျေးရွာတရွာကို သူပုန်စခန်းနဲ့မှားပြီး လေတပ်က ဗုံးကြဲတိုက်ခိုက်မိလို့ လူ ၅၀ ကျော်သေဆုံးပြီး လူ ရာနဲ့ချီ ဒဏ်ရာရခဲ့ကြပါတယ်။ သေဆုံးသူတွေထဲမှာ ကူညီကယ်ဆယ်ရေး နိုင်ဂျီးရီးယားကြက်ခြေနီအဖွဲ့ဝင် ၆ ဦးလည်း ပါဝင်တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပြောဆိုပါတယ်။ နယ်စီးမခြားဆရာဝန်များအဖွဲ့ MSF ကတော့ လူ ၂၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြလို့ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ပေးဖို့ တောင်းဆိုထားပါတယ်။ နိုင်ဂျီးရီးယားသမ္မတ ဘူဟာရီက အခုလို လေကြောင်းက မှားယွင်းတိုက်ခိုက်ခံရမှုကို အတော့်ကို တုန်လှုပ်ချောက်ချားခဲ့ရပြီး အခြေအနေကို အားလုံးတည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းကြဖို့ တောင်းဆိုထားပါတယ်။ ဒီမှားယွင်းပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာဟာ ဘိုကိုဟာရမ်အကြမ်းဖက်တွေအပေါ် နိုင်ဂျီးရီးယားစစ်တပ်က ထိုးစစ်ဆင်နေတဲ့ ကမ်မရွန်းနိုင်ငံနဲ့ နယ်စပ်နားမှာဖြစ်ပါတယ်။ “နဂို ပုံမှန်အခြေအနေမှာတောင် သွားရလာရခက်ခဲပြီး ရိက္ခာထောက်ပံ့မှုတွေ ခက်ခဲတဲ့နေရာမှာ အခုလို လေကြောင်းက တိုက်ရိုက်ဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေဆိုတော့ ဘယ်လောက်ခက်ခဲမလဲ စဉ်းစားလို့တောင် မရတော့ဘူး” လို့ ဆွစ်ဇာလန်နိုင်ငံအခြေစိုက် MSF ပြောခွင့်ရကပြောဆိုပါတယ်။ 2017-01-17T194042Z_1_LYNXMPED0G1GQ_RTROPTP_2_NIGERIA-SECURITY.JPG.cfနိုင်ဂျီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းမှာ ဘိုကိုဟာရမ်အကြမ်းဖက်တွေ ခေါင်းထောင်လာခဲ့တဲ့ ၂၀၀၉ ခုနှစ်ကစပြီး လက်ရှိအချိန်အထိ လူ ၁၅၀၀၀ ကျော် သေဆုံးခဲ့ကြပြီး ဒေသခံပြည်သူ ၂ သန်းကျော်ဟာလည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်နေကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up