တရုတ်စူပါလိဂ် ကလပ်အသင်းတခု၏ ကမ်းလှမ်းချက် ယာယာတိုရေး ပယ်ချ

ဓာတ်ပုံ - ရိုက်တာ
တရုတ်စူပါလိဂ်ကလပ်အသင်းတခုက ၁ ပတ်ကို ပေါင် ၄ သိန်း ၃ သောင်းပေးပြီး ခေါ်ယူဖို့ ကမ်းလှမ်းချက်ကို မန်စီးတီး ကွင်းလယ်ကစားသမား ယာယာတိုရေးက ပယ်ချလိုက်ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုရေးကို တရုတ်စူပါလိဂ်အသင်းတွေက ပြီးခဲ့တဲ့ရာသီကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ တိုရေးရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။ နည်းပြသစ် ဂွာဒီယိုလာ ရောက်လာပြီး ရာသီအစ ပွဲစဉ်တွေမှာ ပါဝင်ခွင့် မရတဲ့အတွက် တိုရေးရဲ့အနာဂတ်ဟာ မန်စီးတီးမှာ ရေရှည်ဆက်ရှိဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး အသင်းရဲ့ ပုံမှန်ပွဲထွက်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်း တိုရေးဟာ ၂၀၁၀ မှာ မန်စီးတီးကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up