DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စာတိုက်ကြီး အဆင့်မြှင့်တင်ရေး ဂျပန်ဆက်သွယ်ရေး ဒုဝန်ကြီးလေ့လာ
DVB
·
January 18, 2017
ရန်ကုန်စာတိုက်ကြီး အဆင့်မြှင့်တင်ရေး ဂျပန်ဆက်သွယ်ရေး ဒုဝန်ကြီးလေ့လာ
1 / 7
Donate to DVB

ရန်ကုန်စာတိုက်ကြီးကို အဆင့်မြင့်တင်ဖို့အတွက် မြန်မာအစိုးရနဲ့ ဂျပန်အစိုးရတို့ ပူးပေါင်းလုပ်ကိုင်နေပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့က ဂျပန်နိုင်ငံရဲ့ပြည်တွင်းရေးနဲ့ ဆက်သွယ်ရေး ဒုတိယဝန်ကြီး Ms. Megumi Kanecko က ရန်ကုန်စာတိုက်ကြီးရဲ့လုပ်ငန်းစဉ်တွေနဲ့ ဝန်ထမ်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ရန်ကုန်စာတိုက်ကြီးကို နည်းပညာအကူအညီပံ့ပိုးဖို့အတွက် မြန်မာအစိုးရနဲ့ ၂၀၁၂ ခုက စာချုပ်ဆိုခဲ့ပြီး ၂၀၁၄ ခုကတည်းက စတင်ပြီး အကူညီပေးနေတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့စာပို့ဝန်ဆောင်မှုလုပ်ငန်းဟာစာ၊ ပို့စကတ်၊ ပါဆယ်ပေးပို့ရတဲ့နှုန်းမှာ တစ်နှစ်ကို ၂၁ ဘီလီယံကျော်ရှိပြီး ၀န်ဆောင်မှု ကြာမြင့်ချိန်ဟာ အများဆုံး နှစ်ရက်သာရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013