DVB Logo
Home
မြန်မာသတင်း
အမေရိကန် နိုင်ငံခြားဝန်ကြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ
DVB
·
December 1, 2011
အမေရိကန် နိုင်ငံခြားဝန်ကြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ
Donate to DVB

မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ ဒီကနေ့မနက်က နေပြည်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန် အပါအ၀င် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးသူရရွှေမန်း၊​​ ​ပြည်ထောင်စုလွှတ်တော်​ နာယက ဦးခင်အောင်မြင့်တို့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ အဖွဲ့ကို သမ္မတရုံးခန်းမှာ လက်ခံ တွေဆုံခဲ့တာပါ။

အမေရိနိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ သမိုင်းမှတ်တိုင် တခုဖြစ်ပြီးတော့ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးရဲ့ စာမျက်နှာသစ် ဖွင့်လှစ်လိုက်တာဖြစ်တယ်လို့ သမ္မတ ဦးသိန်းစိန်က တံခါးပိတ်အစည်းအဝေးမစခင် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ဦးသိန်းစိန်ကို ပြောကြားရာမှာ အမေရိကန် သမ္မတ ဘားရက်အိုဘာမားဟာ  သမ္မတဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့တွေ​ ​မြန်မာပြည်သူတွေအတွက် ဆောက်ရွက်ပေးနေတာတွေကို အားပေးတာကြောင့် သူ့အနေနဲ့   မြန်မာနိုင်ငံကို လာရောက်တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးမှာ သံအမတ်ကြီး အဆင့်  ဆယ်စုနှစ် နှစ်စုကြာ မခန့်အပ်ဘဲ ထားရာကနေ သံအမတ်ကြီးအဆင့်​ ​ပြန်ထားဖို့နဲ့​ ​မြန်မာပြည် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ​ ​အကူအညီတွေကို​ ​ထောက်ပံ့ပေးဖို့ကိုလည်း အမေရိကန်က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စနဲ့ တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ အဆုံးသတ်ဖို့ကို ဟီလာရီ ကလင်တန်က တောင်းဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့ မွန်းလွဲပိုင်း နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဟီလာရီကလင်တန်အနေနဲ့ မြန်မာအစိုးရသစ်ကို အကောင်းမြင်ပြီးတော့ အများကြီးတိုးလုပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ဖို့ကိုလည်း သမ္မတ ဦးသိန်းစိန်ကို အထပ်ထပ်အခါခါ ပြောတယ်လို့လည်း ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားဖို့ဆိုတော့ လွယ်တော့ မလွယ်ပေမယ့်လည်း အမေရိကန်နဲ့မြန်မာ အတူတကွ လုပ်သွားမယ် ဆိုရင်တော့ ပိုပြီးတော့ အမေရိကန်နဲ့မြန်မာ ဆက်ဆံရေး ချောမွေ့စေမယ်လို့လည်း​ ​သတင်းထောင်တွေရဲ့​ ​မေးခွန်းကို ဖြေကြားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013