အီလက်ထရွန်နစ် စိစစ်ရေးကတ် ရှေ့ပြေးစမ်းသပ်လုပ်ငန်း ရခိုင်ပြည်နယ်တွင်စတင်
DVB
·
January 16, 2017
နိုင်ငံသား စိစစ်ရေးကတ်အပါအ၀င် ကိုင်ဆောင်တဲ့ စိစစ်ရေးကတ်ပြားတွေကို National Electronic Idendity Card (NeID) ခေါ် အီလက်ထရွန်နစ် စိစစ်ရေးကတ်ပြားအဖြစ် ပြောင်းလဲအသုံးပြုနိုင်ဖို့အတွက် ရှေ့ပြေး စမ်းသပ်လုပ်ငန်းတွေကို ရခိုင်ပြည်နယ်ထဲမှာ ဆောင်ရွက်နေ ပါတယ်။
ဒီစာရင်းကောက်လုပ်ငန်းတွေမှာ လူတဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်ပြုစုတာ၊ မျက်လုံး၊ လက်ဗွေတို့ကို စက်နဲ့ဖတ်ပြီး မှတ်တမ်းတင်တာ၊ ဓာတ်ပုံရိုက်တာ စတဲ့လုပ်ငန်းစဉ်တွေကို ကွန်ပျူတာတွေအသုံးပြုပြီး မှတ်တမ်းရယူတာတွေပါဝင်ပါတယ်။
အခု မှတ်တမ်း ရယူထားပြီးသူတွေအနေနဲ့ စီမံကိန်းစတင်တဲ့အချိန်မှာ နောက်ထပ် စာရင်းသွင်း မှတ်တမ်းယူစရာ မလိုတော့ဘဲ NeID ကပ်ပြားကို ရရှိမှာပါ။ အခု စီမံကိန်းဟာ ရှေ့ပြေး စမ်းသပ်အဆင့်မှာပဲရှိသေးပြီး သုံးနှစ်ကနေ ငါးနှစ်အတွင်း ဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ဇန်န၀ါရီ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ စစ်တွေမြို့မှာပြုလုပ်ခဲ့ပြီး ၁၁ ရက်ကနေ ၁၅ ရက်ထိ မောင်တောမြို့မှာလည်း စမ်းသပ်ဆောင်ရွက်ဖို့ရှိတယ်လို့ အမျိုးသား မှတ်ပုံတင်နဲ့ နိုင်ငံသား ဦးစီးဌာနကပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ကိုအောင်