A d v e r t i s e m e n t With Us

မြန်မာအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှုများ​ ရုပ်သိမ်း​ရန် တရုတ်​တောင်း​ဆို

မြန်မာနိုင်ငံအ​ပေါ် ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ ရုပ်သိမ်း​ဖို့​ အ​နောက်နိုင်ငံ​တွေကို တရုတ်နိုင်ငံက ​တောင်း​ဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံ ​ဘေဂျင်း​မြို့​မှာ ဒီဇင်ဘာ ၁ ရက်ကကျင်း​ပတဲ့​ သတင်း​စာရှင်း​လင်း​ပွဲမှာ တရုတ် နိုင်ငံခြား​ရေး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရှိသူ ​ဟောင်း​လီက ​ပြောကြား​လိုက်တာပါ။ တရုတ်နိုင်ငံအ​နေနဲ့​​ ​မြန်မာပြည်တွင်း​​ ​ပြန်လည်ရင်ကြား​စေ့​ရေး​အတွက် မြန်မာအစိုး​ရ​ဆောင်ရွက်​နေတဲ့​ မူဝါဒ​တွေ ကြိုဆိုတဲ့​အ​ကြောင်း​ မြန်မာနဲ့​အ​နောက်နိုင်ငံ​တွေ ဆက်ဆံ​ရေး​တိုး​တက်ဖို့​အတွက် အပြန်အလှန် ​လေး​စား​လိုက်နာမှုကို အ​ခြေခံပြီး​ ဆက်သွယ်မှု​တွေ တိုး​လုပ်သင့်​တယ်လို့​ဟောင်း​လီက ​ပြောပါတယ်။ ဒါ့​အပြင် မြန်မာနိုင်ငံ တည်ငြိမ်​ရေး​နဲ့​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​ကို အား​ပေး​ဖို့​ သက်ဆိုင်တဲ့​နိုင်ငံ​တွေအ​နေနဲ့​ ပိတ်ဆို့​ဒဏ်ခတ်မှု​တွေ ရုပ်သိမ်း​သင့်​တယ်လို့​လည်း​ တရုတ်နိုင်ငံခြား​ရေး​ဌာန ​ပြောခွင့်​ရသူက ​ပြောကြား​သွား​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up