ထမင်းပေါင်းအိုး မီးပလပ်ထိုးရာမှ နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွား
DVB
·
January 15, 2017
မန္တလေးတိုင်းဒေသကြီး၊ မိထ္တီလာမြို့၊ အောင်မင်္ဂလာရပ်ကွက်က နှစ်ထပ်အိမ်တလုံးမှာ ထမင်းပေါင်းအိုး ပလပ်ထိုးရာမှ မီးပွားတွေလွင့်စင်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဦးညီညီနိုင် (ခေါ်) ဂျပန်ကြီး က ထမင်းပေါင်းအိုး မီးပလပ်ထိုးရာ မီးပွားတွေက ဓာတ်ဆီနဲ့ ရော်ဘာရောထားတဲ့ ကော်ရည်ပေါ်ကိုကျပြီး ဝါးထရံအကာကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ မိထ္တီလာမြို့မရဲစခန်းစခန်းမှူး ဦးခင်မောင်စိုးက ပြောပါတယ်။
သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြည်သူတွေနဲ့ မီး သတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၇ စီး၊ အုပ်ချုပ်ယာဉ် ၂ စီး အသုံးပြု မီးငြှိမ်းသတ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၉ သိန်းလောက် ရှိကြောင်း၊ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မီးလောင်တဲ့ပြစ်မှု ပုဒ်မ ၂၈၅ နဲ့ မိထ္တီလာမြို့မရဲစခန်းမှ ဒုရဲအုပ်ချိုတူးက တရားလို ပြုလုပ် အမှုဖွင့်ဆောင်ရွက်တယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်းဝမ်းတွင်း