DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ အဖွဲ့​ချုပ်ရုံး​တွင် ကျင်း​ပ
DVB
·
December 1, 2011
ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ အဖွဲ့​ချုပ်ရုံး​တွင် ကျင်း​ပ
1 / 6
Donate to DVB

ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ကို ရန်ကုန်၊​ ​ရွှေဂုံတိုင်က အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ရုံး​မှာ ဒီ​နေ့​မနက်ပိုင်း​က ကျင်း​ပခဲ့​ရာ ​တေး​သံရှင် အများ​အပြား​က ​တေး​သီချင်း​တွေနဲ့​ ​ဝေဒနာရှင်​တွေကို ​ဖျော်​ဖြေ တင်ဆက်ခဲ့​ကြပါတယ်။

အခမ်း​အနား​ကို ​တောင်ဒဂုံ အိပ်ခ်ျအိုင်ဗွီလူနာ​စောင့်​ရှောက်​ရေး​ဂေဟာက ​ဝေဒနာရှင် ၂၀၀ ​ကျော်အပါအဝင် ပရိသတ် ၄၀၀ ​လောက် တက်​ရောက်ခဲ့​ကြတယ်လို့​ ​ဝေဒနာရှင်များ​ကို ကူညီ​ပေး​နေတဲ့​ အဖွဲ့​ချုပ်လူငယ် ကိုရာဇာက ​ပြောပါတယ်။

အဖွဲ့​ချုပ် အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်လည်း​ အခမ်း​အနား​ကိုတက်​ရောက်ခဲ့​ပြီး​၊​ အကူအညီ လိုအပ်​နေတဲ့​ ​ဝေဒနာသည်​တွေကို ကူညီ​ဖေး​မကြဖို့​ ​ပြောကြား​သွား​ပါတယ်။

ချစ်သု​ဝေ၊​ လင်း​လင်း​၊​ စံလင်း​၊​ ကိုရဲလွင်၊​ ကို​နေဝင်း​၊​ ခင်ဖုန်း​၊​ သား​ထွေး​စတဲ့​ ​တေး​သံရှင်​တွေက ​သေး​သီချင်း​တွေနဲ့​ ​ဖျော်​ဖြေခဲ့​ကြပြီး​ ​တေး​သံရှင် ၁၇ ဦး​ပါဝင် သီဆိုထား​တဲ့​ သီချင်း​ခွေတ​ခွေလည်း​ ဒီ​နေ့​မှာပဲ ဖြန့်​ချိ​ရောင်း​ချခဲ့​ပါတယ်။

ဒါ့​အပြင် အလှူရှင်​တွေကလည်း​ လာ​ရောက်လှူဒါန်း​ထား​တဲ့​ ​ငွေကျပ် ၁၄ သိန်း​ဖိုး​ခန့်​ တန်ဖိုး​ရှိတဲ့​ ​စောင်၊​ အဝတ်အထည်စတဲ့​ပစ္စည်း​တွေကို ​ဝေဒနာရှင်​တွေထံ ကံစမ်း​မဲ​ဖောက်ပြီး​ ​ပေး​အပ်လှူဒါန်း​ခဲ့​ကြ​သေး​တယ်လို့​ သိရပါတယ်။

တောင်ဒဂုံ အိပ်ခ်ျအိုင်ဗွီလူနာ ​စောင့်​ရှောက်​ရေး​ဂေဟာဟာ ဒီနှစ်ပိုင်း​ထဲ ထူး​ထူး​ခြား​ခြား​ ​ဝေဒနာရှင်​တွေကို ပိုမိုလက်ခံ​စောင့်​ရှောက်​ပေး​နိုင်ခဲ့​တယ်လို့​ ဦး​ဆောင် လုပ်ကိုင်​နေသူ တဦး​ဖြစ်တဲ့​ မဖြူဖြူသင်း​က ​ပြောပါတယ်။

“အဓိကက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည် လွတ်​မြောက်ပြီး​တဲ့​နောက်မှာ ပြည်တွင်း​ပြည်ပ ပြည်သူလူထု ​တော်​တော်များ​များ​ကလည်း​ သိရှိလာကြတယ်။ တဖက်ကလည်း​ အလှူရှင်​တွေ လာလှူကြသလိုပဲ ပြည်တွင်း​မှာ ဒီ​ရောဂါ​ဝေဒနာ ခံစား​နေရတဲ့​ လူ​တော်​တော်များ​များ​ကလည်း​ သတင်း​တွေ၊​ ဂျာနယ်​တွေ၊​ စာ​စောင်​တွေဖတ်ပြီး​ သိရှိလာပြီး​တော့​ အများ​ကြီး​ ​ရောက်လာတယ်။

“ဘာထူး​ထူး​ခြား​ခြား​ ရှိလဲဆို​တော့​ ၂၀၁၀ တုန်း​က ကျမတို့​ အ​ယောက် ၈၀ ​လောက်ကိုပဲ တာဝန်ယူပြီး​တော့​ ကူညီစွမ်း​ဆောင်​ပေး​နိုင်တယ်။ ဒီ ၂၀၁၀ နဲ့​ ၂၀၁၁ ကြား​ထဲမှာပဲ ဒီလပိုင်း​လောက်မှာ အ​ယောက် ၂၀၀ နီး​ပါး​လောက်ကို အကူအညီ​တောင်း​လို့​ ​ပေး​လိုက်ရတာ ရှိတယ်။ ထူး​ခြား​တာက​တော့​ အလှူရှင်​တွေကလည်း​ သိလာသလို့​ လူနာ​တွေကလည်း​ သိလာတဲ့​အခါကျ​တော့​ အလုပ်ပိုပြီး​ လုပ်ဖြစ်တယ်​ပေါ့​နော်။”

ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ကျင်း​ပခဲ့​တာ ငါး​ကြိမ်ရှိပြီဖြစ်ပြီး​ ​ကျောက်ပန်း​တောင်း​၊​ ​တောင်း​တွင်း​ကြီး​၊​ ​အောင်လံ၊​ မိတ္ထီလာစတဲ့​ နယ်မြို့​တွေမှာလည်း​ ဒီ​နေ့​ တချိန်တည်း​ ပြုလုပ်ခဲ့​တယ်လို့​ ဆိုပါတယ်။

တောင်ဒဂုံ အိပ်ခ်ျအိုင်ဗွီလူနာ ​စောင့်​ရှောက်​ရေး​ဂေဟာ စတင်တည်​ထောင်ခဲ့​တဲ့​ ၂၀၀၂ ခုနှစ်ကစပြီး​ ဆယ်နှစ်တာအတွင်း​ လူနာ​ပေါင်း​ ငါး​ထောင်​လောက်ထိ ပြုစု​စောင့်​ရှောက်​ပေး​နိုင်ခဲ့​ပြီး​ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013