အိုဘားမားမိသားစုပိုင် ခွေးလေးကိုက်သဖြင့် သမီးဖြစ်သူ၏သူငယ်ချင်း မျက်နှာတွင် ဒဏ်ရာရ

သမ္မတအိုဘားမား သမီးဖြစ်သူ မယ်လီရာရဲ့ သူငယ်ချင်း ဆယ်ကျော်သက်အရွယ် ကောင်မလေးကို သမ္မတမိသားစုပိုင် ခွေးလေးဆန်နီက ကိုက်လိုက်လို့ မျက်နှာမှာ သွေးထွက် ဒဏ်ရာရပြီး ပြန်သွားရတယ်လို့ The Sun ရဲ့ ဇန်နဝါရီလ ၁၃ ရက် သတင်းမှာ ဖော်ပြထားပါတယ်။ အမည်မဖော်ပြထားတဲ့ ဆံပင်ရွှေဝါရောင်နဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးက ပေါ်တူဂီအမျိုးအစား ခွေးလေးဆန်နီကို ကြင်ကြင်နာထိကိုင်ချိန်မှာ ခွေးလေးက သူမမျက်နှာကို ကိုက်လိုက်ကြောင်း စနက်ပ်ချက်မှာ ကောင်မလေးကို သူမရဲ့ ဒဏ်ရာပုံကို တင်ထားပါတယ်။ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ထားတဲ့ပုံတွေမှာလည်း မယ်လီရာရဲ့ သူငယ်ချင်း မျက်နှာပေါ်က ဒဏ်ရာကို သမ္မတအိမ်တော်ရဲ့ ဆရာဝန်က ချုပ်ပေးနေတာ တွေ့မြင်ရမှာပါ။ နောက်ခံမှာ သမ္မတသမီး မယ်လီရာပြုံးနေပြီး သူမက ဆရာဝန်ရဲ့ခုံပေါ်မှာ လှဲနေရတဲ့ပုံရဲ့အောက်မှာ သူမက “ငါဆန်နီကို အသေမုန်းတယ်” လို့ ရေးထားပါတယ်။ စနက်ပ်ချက်က နောက်တပုံမှာလည်း “ဒါကို မယ်လီရာက ဟာသလို့ထင်နေတယ်” လို့လည်း ခွေးကိုက်ခံရတဲ့ သူမက ရေးသားထားပါသေးတယ်။ ကောင်မလေးက ခွေးလေးကို တို့ထိအနမ်းပေးဖို့လုပ်စဉ်မှာ အသက် ၁၈ နှစ်အရွယ် ကလေးမကို ခွေးလေးဆန်နီက ကိုက်လိုက်တာပါ။ ဒီဒဏ်ရာလေးကနေ အမာရွတ်ဖြစ်သွားမှာကိုလည်း ကောင်မလေးက စိုးရိမ်နေပါတယ်။ မယ်လီရာဟာ ပြီးခဲ့တဲ့ နွေဦးရာသီမှာ အထက်တန်းကျောင်းပြီးခဲ့ပြီး ဟားဗက်မှာစမတက်ခင် တနှစ်နားနေရတာပါ။ အိမ်ဖြူတော်မှာ ပေါ်တူဂီအမျိုးအစားခွေးလေး ဆန်နီနဲ့အတူ ၂၀၀၈ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့လို့ အိုဘားမား သမီးတွေအတွက် ဝယ်ပေးခဲ့တဲ့ ခွေးလေး ဘိုဆိုတာလည်း ရှိပါသေးတယ်။ ခွေးလေး ဆန်နီကိုတော့ ဂရိတ်လိတ်က ခွေးမွေးမြူသူထံမှ ၂၀၁၃ ခုနှစ်က ရခဲ့တာလို့ သိရပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up