လူကူးမျဉ်းကြားပေါ် တာဝန်ဖြင့် ရပ်တန့်တားမြစ်သည့် ယာဉ်ထိန်းရဲကို ကားတစီးက ဖြတ်တိုက် (ရုပ်သံ)

ထိုင်းနိုင်ငံ လူကူးမျဉ်းကြားလမ်းမတခုပေါ်မှာ ယာဉ်ထိန်းရဲတဦးဟာ တာဝန်အရ ယာဉ်တွေကို တားမြစ်ချိန်မှာ ကားတစီးက မရပ်တန့်ခဲ့ဘဲ ဖြတ်တိုက်ပြီး မောင်းပြေးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၀ ရက်နေ့က ဆမွတ်ခ် ဆောင်ကရန် ဒေသ လမ်းမလူကူးမျဉ်းကြားတခုပေါ်မှာ ဖြစ်ခဲ့တာလို့ ဆနွတ်ခ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အသက် ၄၄ နှစ်အရွယ် သီရာ ဆုဘ်ထရက်ခွန်အမည်ရတဲ့ ယာဉ်ထိန်းရဲဟာ ကား လမ်းမပေါ် လူကူးမျဉ်းကြားမှတဆင့် ဖြတ်သန်းဖို့ စောင့်ဆိုင်းနေကြတဲ့ ကျောင်းသားကလေးငယ်တွေကို ကူညီဖို့ ကားတွေကို လက်ဟန်ပြရပ်တန့်ခဲ့တာပါ။ ဒါပေမယ့် အနီရောင်ပလိပ်ပြားတပ်ဟွန်ဒါကားတစီးဟာ ရပ်တန့်မပေးခဲ့ဘဲ ဆက် မောင်းခဲ့ချိန်မှာ ယာဉ်ထိန်းရဲကို ဖြတ်တိုက်မိခဲ့တာပါ။ ဒီအဖြစ်အပျက်ဟာ ညနေ ၅.၂၆ နာရီမှာဖြစ်ခဲ့ပြီး ၀ပ်ပွန်ကယူ ကျောင်းမှ သူငယ်တန်းကျောင်းသားကလေးငယ်တွေ လမ်းဖြတ်ကူးချိန်မှာ ကူညီပေးဖို့ ရပ်တန့်ခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့တာလို့         ယာဉ်ထိန်းရဲက ပြောပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ကြည့်ရှုသူတွေကတော့ အဆင်အခြင်မဲ့မောင်းနှင်မှုနဲ့ တာဝန်မဲ့တဲ့ ထိုင်းယာဉ်မောင်းတွေကို ဝေဖန်နေကြတာပါ။ လက်ရှိအချိန်ထိ မောင်းထွက်ပြေးသွားတဲ့ ယာဉ်မောင်းကို ဖမ်းမိခြင်းရှိမရှိကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up