Home
မေးမြန်းခန်း
အ​မေရိကန်ပါသည်ဖြစ်​စေ၊​ မပါသည်ဖြစ်​စေ ​နောက်​ကြောင်း​ကို မပြန်နိုင်​တော့​ပါဘူး
နေသွင်
·
November 30, 2011
အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီ ကလင်တန်ဟာ နှစ်ရက်တာ ခရီး​အဖြစ် မြန်မာပြည်ကို ဒီ​နေ့​ ​ရောက်ရှိလာပါတယ်။ ဒီခရီး​စဉ်ဟာ ရာစုနှစ်ဝက်အတွင်း​ အ​မေရိကန် နိုင်ငံခြား​ရေး​ဝန်ကြီး​တ​ယောက် ပထမဆုံး​ မြန်မာပြည် လာ​ရောက်တဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။ အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ရဲ့​ ခရီး​စဉ်က​နေ၊​ မြန်မာပြည်ရဲ့​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​အ​ပေါ် အကျိုး​သက်​ရောက်လာနိုင်တာ​တွေ၊​ နိုင်ငံတကာ ဆက်ဆံ​ရေး​အ​ပေါ် အကျိုး​သက်​ရောက်နိုင်တာ​တွေနဲ့​ ပတ်သက်လို့​ သမ္မတဦး​သိန်း​စိန်ရဲ့​ နိုင်ငံ​ရေး​အကြံ​ပေး​လည်း​ဖြစ်၊​ နိုင်ငံတကာဆက်ဆံ​ရေး​ ​လေ့​လာသူလည်း​ဖြစ်တဲ့​ ဦး​နေဇင်လတ်ကို ​မေး​မြန်း​ထား​ပါတယ်။ [caption id="attachment_18382" align="alignright" width="300" caption="ဦးနေဇင်လတ်"][/caption] “ပိတ်ဆို့​အ​ရေး​ယူမှု​တွေ​ကြောင့်​မို့​လို့​ ကျ​နော်တို့​ နိုင်ငံက အ​နောက်ကမ္ဘာ နဲ့​ ကျ​နော်တို့​က အလုပ်​ကောင်း​ကောင်း​ လုပ်လို့​ မရခဲ့​ဘူး​ပေါ့​နော်။ ကမ္ဘာမှာလည်း​ အ​မေရိကန်က ​ခေါင်း​ဆောင်မှု​နေရာမှာ ဆက်ရှိ​နေ​သေး​တယ်။ အ​မေရိကန်က ကျ​နော်တို့​နဲ့​ ဆက်ဆံ​ရေး​ တစုံတရာ ​ကောင်း​မယ်ဆိုခဲ့​လို့​ရှိရင် ဘာပဲ​ပြော​ပြော​ပေါ့​ အ​နောက်နိုင်ငံဘက်က ကျ​နော်တို့​က ရင်း​နှီး​မြှုပ်နှံမှု​တွေ​ပေါ့​ဗျာ။ ကျ​နော်တို့​ ရနိုင်တယ်​ပေါ့​။ အဲဒီမှာ ကျ​နော်တို့​က ဘာ​ပြောမလဲဆိုရင် ရင်း​မြှုပ်နှံမှု တခုတည်း​ကိုပဲ ကျ​နော်တို့​က သိပ်ပြီး​တော့​ အား​မပြုချင်ဘူး​ဗျ။ investment (ရင်း​နှီး​မြှုပ်နှံမှု) နဲ့​အတူ ဘာလာမလဲဆို​တော့​ နည်း​ပညာ​တွေ လာမယ်ဗျ။ innovation (ဆန်း​သစ်​ပြောင်း​လဲခြင်း​) ​တွေရှိလာမယ်။ ​နောက်တခါ management (စီမံအုပ်ချုပ်မှု) ​တွေပါလာမယ်၊​ market ​တွေ ရှိလာမယ်ဗျ။ အဲဒါ​တွေကို ကျ​နော်က ပိုပြီး​ အား​ရတယ်​ပေါ့​။ ကျ​နော်တို့​က ကိုယ့်​ကိုယ်ကိုယ် ရုန်း​နေကြရတယ်ဗျ။ အစိုး​ရဆီမှာလည်း​ အစီမံ​ကောင်း​တွေ မရှိဘူး​လား​လို့​ ​မေး​လို့​ရှိရင် ရှိပါတယ်။ အခု​လော​လောဆယ် သူ့​ရဲ့​ တနိုင်တပိုင်နဲ့​ လုပ်​ဆောင်​နေပါပြီ။ ကျ​နော်တို့​က မရှိမဲ့​ ရှိမဲ့​နဲ့​ ကိုယ့်​ဟာကိုယ် ရုန်း​နေရ​သေး​တဲ့​ အဆင့်​ပေါ့​ဗျာ။ ခရီး​က လိုသ​လောက် သိပ်မ​ရောက်​သေး​ဘူး​ပေါ့။ အ​နောက်ဘက်က​နေပြီး​ ကျ​နော်တို့​ ဆက်ဆံ​ရေး​တွေ ​ကောင်း​လာခဲ့​ပြီ။ အ​နောက်ဘက်က အကူအညီ​တွေ ရခဲ့​ပြီ ဆိုခဲ့​ရင် ကျ​နော်တို့​က အဲဒါကို အပံ့​ပိုး​ တစုံတရာနဲ့​ အဆင့်​တခုကို ​ရောက်တဲ့​ ပုံစံမျိုး​ကို ​ရောက်သွား​မယ်ဗျ။ အဲ့​ဒီအတွက်​ကြောင့်​မို့​လို့​ ကျ​နော်တို့​ သန်း​ ၆၀ ရှိတဲ့​ နိုင်ငံသား​တွေအတွက်ကို အခွင့်​လမ်း​ကောင်း​တွေက ​ရှေ့​လျှောက်မှာ အများ​ကြီး​ ​ကောင်း​ကောင်း​နဲ့​ ရလာပါလိမ့်​မယ်လို့​ ကျ​နော်က ​ပြောချင်ပါတယ်။” လက်ရှိ မြန်မာပြည် အကူး​အ​ပြောင်း​ကာလမှာ ဒီလို အ​မေရိကန်နဲ့​ နီး​လာတဲ့​အတွက် အ​ပြောင်း​အလဲ​တွေအ​ပေါ်မှာ ဘယ်လိုများ​ အကျိုး​သက်​ရောက်မှု ရှိလာနိုင်ပါသလဲ။ “အပံ့​ပိုး​တခုဖြစ်တယ်လို့​တော့​ ကျ​နော် ​ပြောနိုင်တယ်​ပေါ့​။ အခုဆိုရင် ဒါ ကျ​နော်​ပြောချင်တဲ့​ ဥစ္စာက ​နောက်​ကြောင်း​ ပြန်နိုင် မပြန်နိုင်ကို သုံး​သပ်ပြတာ​ပေါ့​နော်။ law (ဥပ​ဒေ) ဆယ်စုနှစ်တခု​လောက်ကို လုံး​ဝ ထိ​တွေ့​လို့​ မရပါဘူး​၊​ ပြင်ဆင်လို့​ မရပါဘူး​ ဆိုတဲ့​ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေဟာ လသား​အနည်း​ငယ်မှာ ပြင်လိုက်ပြီဗျာ။ ပြင်ပြီး​တော့​ အန်အယ်လ်ဒီကို ကျ​နော်တို့​က ပါလီမန်ထဲမှာ ပါဝင်ခွင့်​ပေး​လိုက်ပြီ။ အန်အယ်လ်ဒီသည် မကြာခင်မှာ လအနည်း​ငယ်အတွင်း​မှာ​ပေါ့​ဗျာ သူတို့​ စည်း​ရုံး​ရေး​ဆင်း​ပြီး​တော့​ ​ရွေး​ကောက်ပွဲဝင်ကြမယ်။ အဲဒါဆိုရင်​တော့​ ကျ​နော်တို့​ တကမ္ဘာလုံး​လည်း​ သိသွား​ပြီဗျ။ ဆို​တော့​ အ​မေရိကန် ပါသည်ဖြစ်​စေ မပါသည်ဖြစ်​စေ ဒီအဆင့်​မှာကိုက ​နောက်​ကြောင်း​ကို မပြန်နိုင်​တော့​ဘူး​ဆိုတာကို ပြထား​တာ ဖြစ်သွား​ပြီ။ အဲဒီ​တော့​ ​နောက်​ကြောင်း​ပြန်ဖို့​ မပြန်ဖို့​မှာက​တော့​ ကျ​နော်က အမြဲတမ်း​ သံတမန်​တွေကိုလည်း​ပြောတယ်။ လုံး​ဝမစိုး​ရိမ်ပါနဲ့​ ဘာ​ကြောင့်​လဲဆို​တော့​ သမ္မတကြီး​နဲ့​ ကျ​နော်တို့​က စကား​ပြောခွင့်​ ရှိတဲ့​အချိန်မှာ ကျ​နော်တို့​က ဘာ​ကောင်း​ကောင်း​သတိထား​မိလဲဆိုရင် သမ္မတကြီး​က မဟာဗျူဟာ အမြင် ​ကောင်း​ကောင်း​ကြီး​ သူ့​မှာ ရှိပါတယ်။ ဒီ​နေ့​ကမ္ဘာမှာ သွား​ဖို့​ အ​ကောင်း​ဆုံး​ နည်း​စနစ်က​တော့​ ဒီမိုက​ရေစီ နိုင်ငံ​ရေး​ဘက် မှာ​ပေါ့​နော်။ စီး​ပွား​ရေး​ဘက်မှာဆိုရင်​တော့​ အရင်း​ရှင်စနစ်ကို အ​ခြေခံတဲ့​ ​ဈေး​ကွက်စီး​ပွား​ရေး​ပေါ့​။ ဒီနှစ်ခုရဲ့​ combination (​ပေါင်း​စပ်ခြင်း​) က​တော့​ ကျ​နော်တို့​ မသွား​လို့​ကို မရတဲ့​ဟာပဲဗျ။ အဲဒါက သူ့​စိတ်ထဲမှာ ​ကောင်း​ကောင်း​ရှိတဲ့​အတွက်​ကြောင့်​မို့​လို့​ အ​ပြောင်း​အလဲ ​နောက်​ကြောင်း​ပြန်ဖို့​က​တော့​ သူကိုယ်တိုင်က​တော့​ မလုပ်​တော့​ဘူး​သေချာတယ်။ အစိုး​ရဘက်က လုံး​ဝမ​ပြောင်း​ဘူး​ ​သေချာတယ်။ အန်အယ်လ်ဒီကလည်း​ အခုဝင်ပြီ။ အဲဒီ နှစ်ခုအတွက်​ကြောင့်​မို့​ ကျ​နော်တို့​ မ​ပြောင်း​တော့​ဘူး​။ သို့​သော်လည်း​ တတိယ အင်အား​စုလို့​ပဲ​ပြော​ပြော၊​ ပြင်ပအင်အား​စုလို့​ပဲ ​ပြော​ပြော​ပေါ့​ အဲဒီလူ​တွေရဲ့​ အ​နှောင့်​အယှက်​ကြောင့်​ နည်း​နည်း​လေး​ Delay (​နှောင့်​နှေး​) ဖြစ်သွား​မှာ​တောင် ကျ​နော်က ပြန်စိုး​ရိမ်​နေပါတယ်ခင်ဗျ။” အ​မေရိကန်နဲ့​ တရုတ်နဲ့​ အား​ပြိုင်တဲ့​နေရာဟာ မြန်မာပြည် လာဖြစ်​နေတယ်ဆိုတာမျိုး​ တွက်ကြပါတယ်ဆရာ။ အ​တွေး​ခေါင်တဲ့​ ကိစ္စလို့​ ​ပြောမလား​။ ဖြစ်နိုင်​ခြေ မဖြစ်နိုင်​ခြေ ဆရာတို့​ ဘယ်လို ယူဆပါသလဲ။ “ကျ​နော့်​အ​နေနဲ့​ ​ပြောရင်​တော့​ နည်း​နည်း​လေး​ပေါ့​ အစိုး​ရိမ်လွန်တယ်လို့​ပဲ ကျ​နော်က သုံး​သပ်ချင်တယ်​လေ။ မြန်မာအ​နေနဲ့​က​တော့​ တရုတ်ရဲ့​ ဖင်ပိုင်း​မှာ လာရှိတဲ့​အတွက်​ကြောင့်​ လူ​တွေက သုံး​သပ်တယ်လို့​ ကျ​နော်က ယူဆတယ်​ပေါ့​။ ပထဝီနိုင်ငံ​ရေး​အရ အား​ပြိုင်မယ့်​နေရာဟာ ကျ​နော်တို့​ဆီမှာ ဖြစ်မယ်ဆိုရင် ထိုင်း​က​ရော မဖြစ်နိုင်ဘူး​လား​။ သူလည်း​ ဖြစ်လာနိုင်တာ​ပေါ့​။ ဒါက နည်း​နည်း​လေး​ စိုး​ရိမ်စိတ်များ​သွား​တယ်လို့​ပဲ ကျ​နော်က ယူဆပါတယ်။” မြန်မာပြည်က နိုင်ငံကြီး​တွေ ကြား​ထဲမှာ ​ရောက်​နေတဲ့​ဟာ​ပေါ့​။ တရုတ်နဲ့​လည်း​ နီး​နေတယ်၊​ အိန္ဒိယ စသည်ဖြင့်​ပေါ့​လေ။ အခု အ​မေရိကန်လည်း​ ဝင်လာ​တော့​ အ​ကောင်း​နဲ့​ အဆိုး​မှာဆိုရင် ဆရာက​တော့​ အ​ကောင်း​ဘက်ကို ​ပြောသွား​တာ​ပေါ့​။ အဆိုး​တွေအတွက် ဘာ​တွေများ​ ပြင်ထား​ဖို့​ လိုတယ်လို့​ ယူဆပါသလဲ။ “အဲဒါ​တော့​ ကျ​နော်က​လေ မဟာဗျူဟာ​ကောင်း​ရင်၊​ plan (အစီအစဉ်) ​ကောင်း​မယ် ဆိုလို့​ရှိရင်​တော့​ အဲဒီနိုင်ငံက အ​ကောင်း​ဘက်ကို ပိုပြီး​ ရတတ်တယ်ဗျ။ ပထဝီနိုင်ငံ​ရေး​အရပဲ​ပြော​ပြော။ ဘယ်​လောက်ပဲ အား​သာသာ planning (အစီအစဉ်​ရေး​ဆွဲတာ) မ​ကောင်း​ဘူး​ဆိုရင်​တော့​ အဲဒီနိုင်ငံက ရလဒ်က​တော့​ နည်း​တယ်​ပေါ့​ဗျာ။ ကျ​နော်တို့​က ဒီဘက်မှာ တရုတ်ကဆိုရင် ၁.၃ ဘီလီယံ လူဦး​ရေအရ​ရောဗျာ။ စီး​ပွား​ရေး​အရ​ရော အကြီး​ကြီး​ပေါ့​နော်။ အ​နောက်ဘက်က အိန္ဒိယဆိုလည်း​ ၁.၁။ ဆို​တော့​ ကျ​နော်တို့​ stress က ဘာလဲဗျာ။ သာမန်အား​ဖြင့်​ နယ်စပ်​တွေ ထိဆက်ပြီး​တော့​ ကျ​နော်တို့​ ထိစပ်​နေတယ်။ အ​ကြောက်ဆုံး​ ကျုး​ကျော်တိုက်ခိုက်မှု (Physical Invasion) ကို ကျ​နော်တို့​က နည်း​နည်း​လေး​ ပို​ကြောက်ကြတယ်​ပေါ့​။ Physical Invasion ကလည်း​ ကျ​နော်တို့​က သံတမန်ဆက်ဆံ​ရေး​ (diplomatic tie) ​တွေ ​ကောင်း​ကောင်း​ထား​မယ်ဆိုလို့​ရှိရင်​တော့​ ဒီ​ခေတ်မှာ ဖြစ်နိုင်​ခြေက အလွန်နည်း​သွား​ပြီး​ဗျ။ သို့​သော်လည်း​ပေါ့​ဗျာ စဉ်း​စား​ထား​ရမယ့်​ အချက်ထဲမှာ​တော့​ တခုရှိတယ်​ပေါ့​နော် ကျ​နော်တို့​မှာ ရှိတဲ့​ ဥပမာအား​ဖြင့်​ ပင်လယ်ဆိပ်ကမ်း​တွေ ​နောက် ကျ​နော်တို့​ရဲ့​ မဟာဗျူဟာကျတဲ့​နေရာမှာရှိတာ​တွေ ဒါ​တွေကို ကျ​နော်တို့​က အသုံး​ချခဲ့​မယ်ဆိုခဲ့​ရင် ကျ​နော်တို့​ရဲ့​ အခွင့်​အ​ရေး​များ​တယ်လို့​ပဲ ကျ​နော် ယူဆပါတယ်။” လော​လောဆယ် နိုင်ငံတကာအခင်း​အကျင်း​ထဲမှာ ဗမာပြည်က နိုင်ငံတကာ ဆက်ဆံ​ရေး​မှာ ပြည်သူ​တွေအတွက် အကျိုး​ရှိမယ့်​ လမ်း​ကြောင်း​ဘက်ကို ​ရွေ့​နေတယ်လို့​ ​ပြောလို့​ ရမှာ​ပေါ့​ဆရာ။ “​သေချာ​ပေါက် ရသွား​ပြီ။ မနက်က ကျ​နော်နဲ့​ Wall Street က လူနဲ့​ ကျ​နော်နဲ့​ အင်တာဗျူး​လုပ်​တော့​ အဲဒါ​ပေါ့​ဗျာ။ ကျ​နော်တို့​က အလျင်နှုန်း​ပိုမြန်တယ်။ ဆယ်စုနှစ် တခု​ကျော်​လောက်မှာ ကျ​နော်တို့​က တကယ့်​ တန်း​ဝင်နိုင်ငံ တခု ဖြစ်လာမယ်လို့​ ကျ​နော်က ရဲရဲ​ပြောထုတ်လိုက်တယ်ဗျ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024