အဂတိလိုက်စားမှုတွင် ပါဝင်ပတ်သက်မှုဖြင့် ဆမ်ဆောင်းလုပ်ငန်းစု အရာရှိချုပ်ကို စစ်ဆေး

စစ်ဆေးမေးမြန်းခံရသည့် ဆမ်ဆောင်းလုပ်ငန်းစု အရာရှိချုပ် (လယ်)။ (ဓာတ်ပုံ - ရိုက်တာ)
တောင်ကိုရီးယားသမ္မတကိုယ်တိုင် ပါဝင်ပတ်သက်ပြီး နိုင်ငံရဲ့ အကြီးဆုံး အဂတိလိုက်စားမှုကြီးမှာ ပါဝင်ပတ်သက်မှုနဲ့ ဆမ်ဆောင်းလုပ်ငန်းစုကြီးရဲ့ အရာရှိချုပ်ကို ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ဆေးမေးမြန်းခဲ့ပါတယ်။ သမ္မတ ပတ်ဂွန်ဟေးရဲ့ ရင်းနှီးတဲ့ အမျိုးသမီးမိတ်ဆွေဆီ စီးပွားရေးအခွင့်အရေးတွေရဖို့ ဒေါ်လာ သန်းနဲ့ချီ လာဘ်ထိုးခဲ့တယ်ဆိုပြီး အစိုးရရှေ့နေတွေက စွပ်စွဲနေကြတာပါ။ သမ္မတကိုယ်တိုင်လည်း အဲဒီ အဂတိလိုက်စားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုနဲ့ ပြီးခဲ့တဲ့လက လွှတ်တော်မှာ စွပ်စွဲပြစ်တင်ခံရပြီး အခြေခံဥပဒေခုံရုံးက စစ်ဆေးနေပါတယ်။ ဒီစွပ်စွဲမှုတွေကြောင့် ဆမ်ဆောင်းကုမ္ပဏီရဲ့ပုံရိပ် ထိခိုက်ရတဲ့အတွက် အလေးအနက် တောင်းပန်တယ်လို့ ဆမ်ဆောင်းအရာရှိချုပ် လီက သတင်းထောက်တွေကို ပြောပါတယ်။ ဒီတပတ်အစောပိုင်းကလည်း ဆမ်ဆောင်း အဆင့်မြင့်အရာရှိ ၂ ဦး အထူးစုံစမ်းစစ်ဆေးရေး အရာရှိတွေရဲ့ စစ်မေးခံရပေမယ့် သက်သေတွေအဖြစ်ပဲ သတ်မှတ်လိုက်ပါတယ်။ ဆမ်ဆောင်းကုမ္ပဏီရဲ့ လက်အောက်ခံကုမ္ပဏီကြီး ၂ ခု အငြင်းပွားဖွယ် ပေါင်းစည်းမှုမှာ အစိုးရရဲ့ ခွင့်ပြုချက်ရဖို့ အမေရိကန်ဒေါ်လာ ၃ သန်းကျော် လာဘ်ထိုးခဲ့တယ်လို့ အစိုးရရှေ့နေတွေက စွပ်စွဲကြပါတယ်။ ဆမ်ဆောင်းအရာရှိချုပ်ဟာ အရင်တခေါက်ကလည်း လွှတ်တော်ကော်မတီရဲ့ စစ်မေးခံရပေမယ့် ဒီတကြိမ်တော့ ပြစ်မှုကျူးလွန်သူ သံသယနဲ့ စစ်မေးခံရတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up