ရုရှား၏ ဆိုင်ဘာဖောက်ထွင်းမှု စုံစမ်းစစ်ဆေးရန် အမိန့်ထုတ်မည်ဟု ဒေါ်နယ်ထရမ့်ပြော

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားရဲ့ ဆိုင်ဘာဖောက်ထွင်းမှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်မယ်လို့ ဇန်န၀ါရီ ၁၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောဆိုပါတယ်။ ဒါ့အပြင် သူသမ္မတ ဖြစ်လာတဲ့အခါ တခြားနိုင်ငံတွေက အမေရိကန်ကို ပိုလေးစားကြောင်း ပြစေရမယ်လို့လည်း ကတိပြုပါတယ်။ ဒါဟာ ရွေးကောက်ပွဲအပြီး ဒေါ်နယ်ထရမ့်ရဲ့ ပထမဆုံး တရားဝင် သတင်းစာ ရှင်းလင်းပွဲ ဖြစ်ပါတယ်။ “စုံစမ်းထောက်လှမ်းရေး အေဂျင်စီတွေဟာ အသက်သွေးကြောလိုပဲ အင်မတန် အရေးကြီးတယ်၊ ဆိုင်ဘာ ဖောက်ထွင်းမှုနဲ့ ပတ်သက်ပြီး အကြီးစား အစီရင်ခံစာကို ရက် ၉၀ အတွင်း ကျနော့်ဆီ သူတို့ လာပို့လိမ့်မယ်” လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ရုရှားဟာ ဒီမိုကရက်တစ်အမျိုးသားကော်မတီကို ဆိုင်ဘာဖောက်ထွင်းပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေ အီးမေးလ်တွေကို ဖောက်ထွင်းခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့လည်း ထရမ့်က အသိအမှတ်ပြု ပြောဆိုပါတယ်။ ဒါပေမယ့် သူကတော့ ရုရှားအစိုးရနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးရှိဖို့ သူ့ပန်းတိုင်ကို ကာကွယ်ပြောဆိုခဲ့ပါတယ်။ အကျိုးစီးပွားချင်း ပဋိပက္ခကို ဖန်တီးနိုင်လို့ ရုရှားနဲ့ စီးပွားရေးဆိုင်ရာ ပတ်သက်မှုတော့ မရှိဘူးလို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up