A d v e r t i s e m e n t With Us

ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ ​ရွှေလီ​ဆွေး​နွေး​ပွဲ ပြီး​ဆုံး

မြန်မာအစိုး​ရကို လက်နက်ကိုင်တိုက်​နေတဲ့​ ကချင်လက်နက်ကိုင်အဖွဲ့​နဲ့​ အစိုး​ရကိုယ်စား​လှယ်​တွေ တရုတ်၊​ မြန်မာနယ်စပ်မှာ ဒုတိယအ​ကျော့​ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​မှု​တွေ ပြီး​ဆုံး​သွား​ပြီလို့​သိရပါတယ်။ ကေအိုင်အို ကချင်လွတ်​မြောက်​ရေး​အဖွဲ့​နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေဟာ တရုတ်နိုင်ငံ ​ရွှေလီက ဟိုတယ်တခုမှာ မ​နေ့​ မွန်း​လွဲပိုင်း​က​နေ ည​နေအထိ ၃ နာရီနီး​ပါး​ကြာ အလွတ်သ​ဘော ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ကြတာပါ။ ဒီ​ဆွေး​နွေး​ပွဲမှာ ကချင်ကိုယ်စား​လှယ်အဖွဲ့​ခေါင်း​ဆောင် ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာက ​ကေအိုင်အိုအဖွဲ့​ရဲ့​ ငြိမ်း​ချမ်း​ရေး​သ​ဘောထား​ကို တင်ပြခဲ့​တယ်လို့​ကေအိုင်အို​ပြောခွင့်​ရသူ ဦး​လနန်း​က ​ပြောပါတယ်။ “ကျ​နော်တို့​ ဥက္က|ကြီး​ကိုယ်တိုင်က ​ပြောတဲ့​အချက်ဆို​တော့​ နံပgတ် ၁ ကဘာလဲဆို​တော့​ ကချင်ပြည်နယ်သာမက ရှမ်း​ပြည်​မြောက်ပိုင်း​ပေါ့​ဗျာ။ ကချင်လူမျိုး​တွေ ​နေထိုင်ရာ​ဒေသမှာ ဖြစ်ပွား​နေတဲ့​ ပြဿနာ​တွေရဲ့​ အရင်း​ခံအ​ကြောင်း​တရား​ကို ဆန်း​စစ်ကြည့်​မယ်ဆိုရင် နိုင်ငံ​ရေး​စနစ်​ကြောင့်​ ဖြစ်ပွား​ရတယ်လို့​ သ​ဘောထား​မှတ်ယူတယ်။ ဒုတိယတချက်က​တော့​ နိုင်ငံ​ရေး​ကြောင့်​ ဖြစ်ပွား​တဲ့​ ပြည်တွင်း​စစ် ပြဿနာအား​လုံကို နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ပဲ ​ဖြေရှင်း​ဖို့​ လိုအပ်တယ်။ တတိယ အချက်က​တော့​ ဒီလိုမျိုး​ ပြဿနာကို စစ်​ရေး​နည်း​နဲ့​သာ ဆက်ပြီး​တော့​ ​ဖြေရှင်း​မယ်ဆိုရင်​တော့​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​ကို တည်​ဆောင်နိုင်မှာ မဟုတ်ဘူး​ဆိုတဲ့​ အချက်​တွေ​ပေါ့​။ ဒီအချက်သုံး​ချက်ပါပဲ။ ဆိုလိုတာက ဘာလဲဆို​တော့​ ပြဿနာအား​လုံး​ရဲ့​ အရင်း​ခံဟာ နိုင်ငံ​ရေး​ပြဿနာအား​လုံး​ကို အရင်း​ခံတဲ့​ ပြည်တွင်း​စစ် ဖြစ်တဲ့​အတွက်​ကြောင့်​ ချုပ်ငြိမ်း​ဖို့​က​တော့​ နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ပဲ ​ဖြေရှင်း​ဖို့​လိုအပ်တယ်ဆိုတဲ့​ အချက်ပါပဲ။ ဒီအချက်​တွေကို ဥက္ကဋ္ဌအ​နေနဲ့​ ​ပြောကြား​ခဲ့​တာ​ပေါ့​။” ကချင်ကိုယ်စား​လှယ်အဖွဲ့​မှာ ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာနဲ့​ ဒုဗိုလ်မှူး​ကြီး​ ဂျီး​နောင်တို့​အပါအဝင် အဖွဲ့​ဝင် ၆ ဦး​လောက် ပါသွား​ပြီး​ အစိုး​ရဘက်က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်မင်း​နဲ့​ကချင်ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ် ဦး​ခက်ထိန်နန် စသူတို့​ပါဝင်တယ်။ ဒါ​ပေမယ့်​ ဘာ​တွေ ​ဆွေး​နွေး​ခဲ့​ကြတယ် ဆိုတာကို​တော့​ မသိရ​သေး​ပါဘူး​။ ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီက​နေ့​မနက်က ​ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကိုအပြန် လမ်း​မှာပဲ ရှိ​နေ​သေး​ပြီး​ ပြန်​ရောက်လာမှ ​ဆွေး​နွေး​ပွဲနဲ့​ပတ်သက်ပြီး​ အ​ကြောင်း​စုံသိရမယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ ကေအိုင်အို အဖွဲ့​ဟာ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ အစိုး​ရကိုယ်စား​လှယ်တချို့​နဲ့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ ပြီး​ခဲ့​တဲ့​နိုဝင်ဘာ ၁၉ ရက်ကလည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပြီး​ ဒါဟာ သီတင်း​တပတ်​ကျော် ကာလအတွင်း​ ဒုတိယအကြိမ်​မြောက် ​တွေ့​ဆုံ​ဆွေး​နွေး​မှု ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up