A d v e r t i s e m e n t With Us

ဒေါ်​အောင်ဆန်း​စုကြည်နှင့်​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇ ​တွေ့​ဆုံ

ဦး​တေဇ
မြန်မာစီး​ပွား​ရေး​ လုပ်ငန်း​ရှင်​တွေထဲမှာ စစ်အဏာရှင်​ဟောင်း​ ဦး​သန်း​ရွှေရဲ့​ မိသား​စုနဲ့​ ရင်နှီး​ကျွမ်း​ဝင်သူလို့​ လူသိများ​တဲ့​ စီး​ပွား​ရေး​လုပ်ငန်း​ရှင် ဦး​တေဇဟာ ဒီက​နေ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​တယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်​နေအိမ်နဲ့​ နီး​စပ်သူ​တွေဆီက သိရပါတယ်။ [caption id="attachment_18367" align="alignright" width="300" caption="ဦးတေဇ"][/caption] ဒီ​တွေ့​ဆုံမှုနဲ့​ ပတ်သက်ပြီး​တော့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်အ​နေနဲ့​ တရား​ဝင် အတည်ပြုချက်မ​ပေး​ပါဘူး​။ အ​မေရိကန်နဲ့​ ဥ​ရောပ နိုင်ငံ​တွေက ဦး​တေဇနဲ့​ သူရဲ့​ ကုမ္ပဏီဖြစ်တဲ့​ ထူး​ထ​ရေး​ဒင်း​နဲ့​ ဆက်စပ် ကုမ္ပဏီ​တွေကို စီး​ပွား​ပိတ်ဆို့​ ဒဏ်ခတ်ထား​ပါတယ်။ အ​မေရိကန် နိုင်ငံခြား​ဝန်ကြီး​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ မ​တွေ့​ဆုံခင် ရက်ပိုင်း​အလိုမှာ အခုလို့​ ဦး​တေဇက ​ဒေါ်​အောင်ဆန်း​စုကြည်ဆီ သွား​ရောက်​တွေ့​ဆုံခဲ့​တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up