Home
မြန်မာသတင်း
ချင်းပြည်နယ် ကန်ပက်လက်တွင် နေအိမ်တလုံးမီးလောင်ပြီး ကလေး ၅ ဦး သေဆုံး
ပိုင်စိုး
·
January 12, 2017
15826246_841197619355260_1725341668765205077_n
chin-state
ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် မာကြားအုပ်စု ခင်ရွာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ညက နေအိမ် ၁ လုံး မီးလောင်ခဲ့ပြီး အိပ်ပျော်နေတဲ့ ကလေးငယ် ၅ ယောက် သေဆုံးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ်မီးသတ်ဌာနက သိရပါတယ်။ ခင်ရွာဟာ မြို့နဲ့ မိုင် ၃၀ ဝေးပြီး ကလေးတွေကို ဘော်ဒါဆောင်ပုံစံထားပြီး စာသင်ပေးနေတဲ့အိမ်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ ကန်ပက်လက်မြို့နယ် မီးသတ်ဌာန ဒု ဦးစီးမှူး ဦးဘီးရာမိုးက“အဲဒီညက လူကြီးတွေက တောင်ယာသွားပြီး ညအိပ်ကြတယ်လို့ သိရတယ်။ ကလေးတွေပဲ ကျန်ခဲ့တာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ပြီးခဲ့တဲ့ တနှစ်လုံးမှာ ဒီဒေသမှာ အိမ်မီးလောင်တာ တကြိမ်မှ မကြုံခဲ့ဖူးဘူးလို့လည်း မီးသတ်အရာရှိကပြောပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ နေအိမ်ဟာ အသက် ၄၅ နှစ်အရွယ် ဒေသခံ ဦးမနားရွှီးရဲ့ သက်ကယ်မိုး ၀ါးထရံကာနေအိမ်ဖြစ်ပြီး မီးဖိုကနေ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တာလို့ မီးသတ်ဌာနက သိရပါတယ်။ မီးလောင်မှုမှာ သေဆုံးသွားတဲ့ ကလေးငယ်တွေကတော့ သူငယ်တန်းကျောင်းသား ၁ယောက်၊ ကျောင်းသူ၁ ယောက်၊ ပထမတန်းကျောင်းသား ၁ ယောက်၊ ဒုတိယတန်း ကျောင်းသား ၁ ယောက်နဲ့ ကျောင်းသူ ၁ ယောက်တို့ဖြစ်တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024