A d v e r t i s e m e n t With Us

ရုပ်ရှင်အဖွဲ့​နှင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် ​တွေ့​မည်

ရုပ်ရှင်​လောကသား​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ရှိဖို့​ ရည်ရွယ်ပြီး​ မြန်မာ့​ရုပ်ရှင်​လောကသား​တွေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဒီဇင်ဘာ ၃ ရက်​နေ့​ ​တွေ့​ဆုံကြမှာဖြစ်ပါတယ်။ ရုပ်ရှင်၊​ ဂီတနယ်ပယ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ ဆက်ဆံ​ရေး​ ​ဝေး​နေတာ​ကြောင့်​ အခုလို​တွေ့​ဖို့​လုပ်တာဖြစ်ပြီး​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီ​အောင်နိုင်​ရေး​ သီချင်း​ဆိုဖို့​၊​ ရုပ်ရှင်ရိုက်ဖို့​ စတဲ့​ကိစ္စ​တွေ ​ဆွေး​နွေး​ဖို့​မဟုတ်ဘူး​လို့​ သရုပ်​ဆောင် ဒါရိုက်တာ ကိုဇာဂနာက ​ပြောပါတယ်။ ဂီတအဖွဲ့​နဲ့​ မ​တွေ့​ခင်ကတည်း​က ရုပ်ရှင်အဖွဲ့​နဲ့​ အရင်​တွေ့​ဖို့​ရှိတယ်လို့​ ​ပြောပါတယ်။ “အမှန်က​တော့​ ရုပ်ရှင်​လောကက လူ​တွေနဲ့​ အရင်​တွေ့​ဖို့​ပါ။ ဒါ​ပေမယ့်​ ရုပ်ရှင်​လောကက လူ​တွေက များ​သောအား​ဖြင့်​ ​နေ့​ခင်း​နေ့​လယ် မအား​တာ များ​တယ်​လေ။ ရုပ်ရှင်ရိုက်​နေကြတာများ​တော့​ အချိန်ညှိရတာ ကြာသွား​လို့​ ဂီတနဲ့​အရင် ​တွေ့​ဖြစ်သွား​တာပါ။ ရုပ်ရှင်သမား​တွေနဲ့​ ရင်း​ရင်း​နှီး​နှီး​ဖြစ်ချင်တာက နံပါတ်တစ်။ နှစ်က ဂီတ​လောက၊​ ရုပ်ရှင်​လောကနဲ့​ အန်တီက ​ဝေး​ကို ​ဝေး​နေတာ။ ​နောက်​တော့​ ကျ​နော်လည်း​ ပြန်​ရောက်လာပြီး​ ဖြစ်တဲ့​အခါကျ​တော့​ ရုပ်ရှင်​လောကက လူ​တွေနဲ့​ရော၊​ ဂီတ​လောက၊​ တတ်နိုင်ရင် ဇာတ်သဘင်​လောက​ပေါ့​လေ။ အဲဒီလူ​တွေ​ရော အကုန်လုံး​ အနုပညာ​လောကက လူ​တွေနဲ့​ အန်တီနဲ့​ နီး​နီး​ရှိ​စေချင်တယ်။ တခါ အဲဒီလူ​တွေကလည်း​ ကျ​နော့်​ သူငယ်ချင်း​တွေ ဖြစ်​နေ​တော့​ ​တောင်း​ဆိုကြတယ်​လေ။ သူတို့​ကလည်း​ အန်တီနဲ့​ ​တွေ့​ပါရ​စေဆို​တော့​ အလကား​သပ်သပ်နဲ့​ တ​ယောက်တ​ပေါက်ဆီ ​လျှောက်​တွေ့​နေမယ့်​အစား​တော့​ စုစုစည်း​စည်း​ ချစ်ချစ်ခင်ခင်​လေး​ ​တွေ့​လိုက်တာ ပိုပြီး​သင့်​တော်မယ်လို့​ ယူဆပြီး​ စီစဉ်လိုက်တာပါ။” တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်မှာ ​တွေ့​ဆုံကြမှာဖြစ်ပြီး​၊​ ရုပ်ရှင်မင်း​သား​ မင်း​သမီး​၊​ ဒါရိုက်တာ​တွေ ဇာတ်ပို့​ဇာတ်ရံ၊​ ကင်မရာမင်း​၊​ ဇာတ်ညွှန်း​ရေး​ဆရာ၊​ အသံဖမ်း​သူများ​စတဲ့​ ရုပ်ရှင်​လောက အလွှာစုံက ပါဝင်တက်​ရောက်နိုင်​အောင် ဖိတ်ကြား​ထား​တယ်လို့​ဆိုပါတယ်။ ဒီလ ၂၅ ရက်​နေ့​ကလည်း​ ဂီတ​လောကသား​ ၅၀ ​ကျော်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်တို့​ တက္ကသိုလ်ရိပ်သာလမ်း​ ​နေအိမ်မှာ ​တွေ့​ဆုံခဲ့​ကြပါ​သေး​တယ်။ ​တွေ့​ဆုံကြတုန်း​က အန်အယ်လ်ဒီပါတီ ​အောင်နိုင်​ရေး​ သီချင်း​ကိစ္စလုပ်ဖို့​ ​ဆွေး​နွေး​ခဲ့​ကြတာမဟုတ်ဘူး​လို့​လည်း​ ကိုဇာဂနာက ​ပြောပါတယ်။ “အန်အယ်လ်ဒီ​အောင်နိုင်​ရေး​အတွက်ဆိုတဲ့​ အစီအစဉ် မဟုတ်ပါဘူး​ခင်ဗျ။ အမျိုး​သား​ရေး​နဲ့​ပတ်သက်တဲ့​ သီချင်း​တွေ။ ဒီသီချင်း​တွေက မ​ပျောက်မပျက် ရှိသင့်​ရှိထိုက်တယ်လို့​ ယူဆတဲ့​ သီချင်း​တွေ လုပ်တာပါခင်ဗျ။ အဲဒါ နံပတ်တစ်​ပေါ့​နော်။ ​နောက်တခုက ထွန်း​အိန္ဒြာဗိုလ်တို့​ ဘာတို့​ဆိုလို့​ရှိရင်လည်း​ပဲ သူတို့​ရဲ့​ အစီအစဉ်​တွေနဲ့​ အဲဒါ​တွေကို Live Show ရိုက်မလို့​ပါဗျ။ Show ဆိုတာလည်း​ သီချင်း​တွေ ​ရွေး​ထား​ပြီး​ပြီ။ အဲဒီသီချင်း​တွေထဲမှာ တခါ ဒါရိုက်တာ ဝိုင်း​က​နေပြီး​တော့​ ဦး​ဆောင်ပြီး​တော့​ ဗွီစီဒီ ကာရာအို​ကေ သ​ဘောမျိုး​ အဲဒါ​လေး​ကို Live Show လုပ်ဖို့​ အစုံပါပါတယ် သီချင်း​တွေက။ သို့​သော် အန်အယ်လ်ဒီ​ရွေး​ကောက်ပွဲ မဲဆွယ်တဲ့​ သီချင်း​ မဟုတ်ပါဘူး​ခင်ဗျ။” လွတ်လပ်​ရေး​တိုက်ပွဲ ဝင်ခဲ့​ကြတဲ့​အချိန်က ​ပြောင်​မြောက်တဲ့​ ​တေး​သီချင်း​တချို့​ကို ​ခေတ်​ပေါ်အဆို​တော်​တွေက ပြန်ဆိုကြမယ့်​ အစီအစဉ်ဖြစ်ပြီး​ စတင်အသံသွင်း​နေကြပြီလို့​ သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up