A d v e r t i s e m e n t With Us

ချင်း​မိုင်မြို့​ ဗဟိုအမျိုး​သား​အကျဉ်း​ထောင်အတွင်း​ ရှမ်း​နှစ်သစ်ကူး​ပွဲ ကျင်း​ပ

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​ မယ်လိမ်း​မြို့​နယ်ထဲမှာရှိတဲ့​ ဗဟိုအမျိုး​သား​ အကျဉ်း​ထောင်ကြီး​ထဲမှာ မ​နေ့​ မနက်က ရှမ်း​လူမျိုး​အကျဉ်း​သား​ပေါင်း​ ၂၆၀ ​လောက်ဟာ ​ထောင်ပိုင်ရဲ့​ ခွင့်​ပြုချက်နဲ့​ ရှမ်း​နှစ်သစ်ကူး​ပွဲ​တော်ကို ကျင်း​ပခဲ့​ပါတယ်။ ပွဲ​တော်မှာ ရှမ်း​စာ​ပေနဲ့​ယဉ်​ကျေး​မှုအဖွဲ့​လည်း​ သွား​ရောက်​ဖျော်​ဖြေခဲ့​တယ်လို့​ချင်း​မိုင် ရှမ်း​စာ​ပေယဉ်​ကျေး​မှုဥက္ကဋ္ဌ စိုင်း​ဆိုင်မိန်း​ မန်း​ကွန်း​က ​ပြောပါတယ်။ "ကျ​နော်တို့​ကို ​ထောင်အာဏာပိုင်​တွေကတဆင့်​ ဖိတ်ကြား​လာတာဖြစ်တယ်။ နှစ်တိုနှစ်ရှည် ​ထောင်ကျ​နေတဲ့​ သူတို့​တွေကို အား​ပေး​တဲ့​အ​နေနဲ့​ စာ​ပေနဲ့​ ယဉ်​ကျေး​မှုအဖွဲ့​ဝင် ၁၀ ဦး​ သွား​ပြီး​ ​ဖျော်​ဖြေ​ပေး​ခဲ့​တယ်။ ​ခေတ်​ဟောင်း​အက၊​ ​ခေတ်သစ်အက​တွေ ပါပါတယ်။ သူတို့​ကလည်း​ ​ထောင်ထဲက​နေ ရသမျှ ပစ္စည်း​နဲ့​ ဖန်တီး​ပြုလုပ်ထား​တဲ့​ တိုး​နယား​တွေ၊​ တိုး​ထိန်း​အရုပ်​တွေနဲ့​ ပြန်ပြီး​ ကပြ​ဖျော်​ဖြေတယ်။ ​ထောင်ထဲမှာ ရှမ်း​စာသင်တန်း​လည်း​ရှိပြီး​ ဒီ​နေ့​မှာ စာစီစာကုံး​နဲ့​ ကဗျာ​ရေး​ပြိုင်ပွဲ၊​ ရှမ်း​ပြည်နဲ့​ပတ်သက်တဲ့​ အ​ထွေ​ထွေ ဗဟုသုတ ဥာဏ်စမ်း​ပွဲလုပ်တယ်။ ဆု​ပေး​ပွဲလည်း​ ကျင်း​ပတယ်။" ထောင်တွင်း​ နှစ်ကူး​ပွဲကို သွား​ရောက်ခဲ့​တဲ့​ ရှမ်း​စာ​ပေယဉ်​ကျေး​မှုအဖွဲ့​ဝင်တဦး​က “ရှမ်း​လူမျိုး​အကျဉ်း​သား​တွေနဲ့​အတူ ကရင်၊​ ဗမာ၊​ မုန်း​၊​ လီ​ရှော စတဲ့​ အကျဉ်း​သား​တွေ လည်း​လာကြတယ်။ သူတို့​တွေအား​လုံး​ ​ပျော်ရွှင်​နေကြတယ်။ အရင်တုန်း​က လုပ်ခွင့်​ရမယ်မထင်လို့​ ​ထောင်ခြံစည်း​ရိုး​နား​မှာ ကျိတ်ပြီး​လုပ်ခဲ့​ရတယ်လို့​” ​ပြောပါတယ်။ ချင်း​မိုင် ​ထောင်မှူး​ကြီး​ ခွန်ဝပ်ထနက​တော့​ အကျဉ်း​သား​တွေကို ခုလို နှစ်သစ်ကူး​ပွဲ ကျင်း​ပခွင့်​ပြုတာ၊​ ပြင်ပလူ​တွေနဲ့​ ​တွေ့​ဆုံခွင့်​ပြုတာဟာ သူတို့​ရဲ့​ စိတ်ဓာတ်ကြံ့​ခိုင်ဖွံ့​ဖြိုး​ရေး​အတွက်ဖြစ်တယ်လို့​ ရှမ်း​နှစ်သစ်ကူး​ပွဲ​တော်ဖွင့်​ပွဲ မိန့်​ခွန်း​မှာ ​ပြောသွား​တယ်လို့​ ဆိုပါတယ်။ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ ဗဟိုအမျိုး​သား​အကျဉ်း​ထောင်မှာ အကျဉ်း​သား​ပေါင်း​ ၄၀၀၀ ​ကျော်ရှိပြီး​ မြန်မာနိုင်ငံသား​ အကျဉ်း​သား​ပေါင်း​ ၅၀၀ ​ကျော်ရှိ​ကြောင်း​၊​ အဲဒီထဲက တချို့​ လာမယ့်​ ဒီဇင်ဘာ ၅ ရက် ဘုရင်ကြီး​မွေး​နေ့​မှာ လွတ်ငြိမ်း​ချမ်း​သာခွင့်​ရမှာဖြစ်ပြီး​ အကျဉ်း​သား​စုစု​ပေါင်း​ ၁၂၃၅ ဦး​ကို ၃ သုတ်ခွဲ လွှတ်​ပေး​ဖို့​ရှိတယ်လို့​လည်း​ ​ထောင်မှူး​က ​ပြောကြား​သွား​ပါတယ်။ ထောင်တွင်း​ ရှမ်း​နှစ်သစ်ကူး​ပွဲကို တခြား​ မယ်​ဟောင်​ဆောင်ခရိုင် ဗဟိုအကျဉ်း​ထောင်နဲ့​ နခွန်း​ရခ်ျဆီမား​ခရိုင် ​ခေါင်း​ဖိုင် အကျဉ်း​ထောင်​တွေထဲမှာ နိုဝင်ဘာလ ၂၅၊​ ၂၆ ရက်​နေ့​တွေတုန်း​ကလည်း​ ရှမ်း​လူမျိုး​အကျဉ်း​သား​တွေ ကျင်း​ပခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up