DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သူဌေးကြီး ဆွေးနွေး
DVB
·
January 11, 2017
ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သူဌေးကြီး ဆွေးနွေး
Donate to DVB

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သူဌေးကြီး ဂျော့ဆိုရော့တို့ တွေ့ဆုံပြီး အခွန်စနစ်၊ ကျောက်မျက်တူးဖော်ရေး၊ မူးယစ်ဆေး စတဲ့ကဏ္ဍတွေမှာ အကူအညီပေးရေး ဆွေးနွေးခဲ့ကြပါတယ်။

နေပြည်တော်၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီနေ့မနက်ပိုင်းက တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အခွန်ကောက်ခံမှု၊ ဘတ်ဂျက်ရေးဆွဲမှုကဏ္ဍ၊ ကျောက်မျက်တူးဖော်ရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ပြန်လည်ထူထောင်ရေးနဲ့ မူးယစ်ဆေးဝါး အန္တရာယ်လျှော့ချရေးဆောင်ရွက်မှု စတဲ့ ကဏ္ဍတွေမှာ နည်းပညာအကူအညီတွေ ပံ့ပိုးပေးနိုင်မယ့် ကိစ္စရပ်တွေအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မစ္စတာဂျော့ဆိုရော့ဟာ Soros Fund Management ရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး မြန်မာ့အရေးကို ကူညီပေးနေသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013