A d v e r t i s e m e n t With Us

ကေအိုင်အိုနှင့်​ မြန်မာအစိုး​ရ အလွတ်သ​ဘော​ဆွေး​နွေး

ကေအိုင်အို (ကချင်လွတ်​မြောက်​ရေး​အဖွဲ့​) နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံ ​ရွှေလီမှာ ဒီ​နေ့​ မွန်း​လွဲပိုင်း​ ၃ နာရီ​လောက်က အလွတ်သ​ဘော ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။ ကချင်ကိုယ်စား​လှယ်အဖွဲ့​မှာ ဥက္ကဋ္ဌ ဦး​ဇောင်း​ဟရာနဲ့​ ဒုဗိုလ်မှူး​ကြီး​ ဂျီး​နောင်တို့​အပါအဝင် အဖွဲ့​ဝင် ၆ဦး​လောက် ပါသွား​ပြီး​ အစိုး​ရဘက်က ပြည်တွင်း​ ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်​ရေး​အဖွဲ့​ခေါင်း​ဆောင် ဦး​အောင်​သောင်း​၊​ ဦး​သိန်း​ဇော်၊​ ဦး​အောင်မင်း​နဲ့​ကချင်ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ် ဦး​ခက်ထိန်နန်တို့​ပါဝင်တယ်လို့​ ​ကေအိုင်အိုက ​ပြောပါတယ်။ ဆွေး​နွေး​တဲ့​အ​ကြောင်း​အရာကို​တော့​ မသိရ​သေး​ဘူး​လို့​ ​ကေအိုင်အိုအဖွဲ့​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​လနန်း​က ​ပြောပါတယ်။ “အ​ခြေအ​နေက ဘာမှမသိ​သေး​ဘူး​။ ​ရွှေလီမှာပဲ ​တွေ့​ကြတယ်။ တခြား​ အချက်အလက်က ဘာမှမရ​သေး​ဘူး​။ စ​တွေ့​ပြီလို့​တော့​ သတင်း​ရတယ်။ ဘယ်လိုဘာ​တွေ​ပြောတာ​တော့​ သတင်း​မရ​သေး​ဘူး​။ မနက်ဖြန်ကျမှ သူတို့​အဖွဲ့​တွေ ပြန်လာတဲ့​အခါကျ​တော့​မှ သိရမယ်ထင်တယ်။ ​တွေ့​နေကြတယ်ဆိုတာ​တော့​ သတင်း​တော့​ရပြီ။” ကေအိုင်အို ကိုယ်စား​လှယ်အဖွဲ့​ဟာ ဒီက​နေ့​မနက်က ​ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာက​နေ ထွက်ခွာသွား​တာဖြစ်ပြီး​ တရုတ်အာဏာပိုင်​တွေက နယ်စပ်မှာ ​စောင့်​ဆိုင်း​ပြီး​ လာ​ခေါ်သွား​တယ်လို့​သိရပါတယ်။ ကေအိုင်အိုနဲ့​မြန်မာ အစိုး​ရကိုယ်စား​လှယ်​တွေ တရုတ်နိုင်ငံမှာ ခုတကြိမ် ​ဆွေး​နွေး​နေချိန်ဟာ တရုတ်နိုင်ငံ အစိုး​ရက မြန်မာကာကွယ်​ရေး​ဝန်ကြီး​ ဗိုလ်ချုပ်ကြီး​မင်း​အောင်လှိုင် တရုတ်နိုင်ငံ ​ရောက်ရှိ​နေချိန်နဲ့​လည်း​ တိုက်ဆိုင်​နေပါတယ်။ တရုတ်နယ်စပ်က စစ်​ရေး​အကဲခတ် ဦး​အောင်​ကျော်​ဇောက​တော့​ ကချင်နဲ့​အစိုး​ရ​ဆွေး​နွေး​ပွဲကို ဗိုလ်ချုပ်ကြီး​ မင်း​အောင်လှိုင်ရဲ့​ တရုတ်ခရီး​စဉ်နဲ့​ အချိန်ကိုက်​ဆောင်ရွက်တာ​တော့​ မဖြစ်နိုင်ဘူး​လို့​ ​ပြောပါတယ်။ ဒါ​ပေမယ့်​ တရုတ်နယ်စပ်အနီး​ ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲ​တွေ အဆက်မပြတ်ဖြစ်ပွား​တဲ့​ ပြဿနာ မြန်မာတပ်အင်အား​တွေ အဆမတန် တိုး​ချဲ့​ လှုပ်ရှား​နေတဲ့​ပြဿနာနဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေ တိုး​လာ​နေတဲ့​ နယ်စပ်ပြဿနာ​တွေဟာ တရုတ်​ခေါင်း​ဆောင်​တွေနဲ့​ မြန်မာကာကွယ်​ရေး​ဦး​စီး​ချုပ် ​ဆွေး​နွေး​မယ့်​ အ​ကြောင်း​အရာ​တွေထဲမှာ ပါနိုင်တယ်လို့​သုံး​သပ်​ပြောကြား​ပါတယ်။ အတွင်း​ရေး​မှူး​ ​ဒေါက်တာလား​ဂျာ ဦး​ဆောင်တဲ့​ ​ကေအိုင်အို အဖွဲ့​ဟာ မြန်မာအစိုး​ရဘက်က မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်တချို့​နဲ့​ ထိုင်း​နိုင်ငံ ချင်း​ရိုင်ခရိုင်မှာ ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၁၉ ရက်ကလည်း​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါ​သေး​တယ်။

A d v e r t i s e m e n t With Us

More News
Up