Home
မြန်မာသတင်း
ဂျိုးဇက်ဘေးလ်စတီးယားအနုပညာဆု မြန်မာအနုပညာရှင် အေးကို ချီးမြှင့်ခံရ
DVB
·
January 11, 2017
15977741_1243770605704756_1332121951621198417_n
15966283_1243770432371440_121966394119504368_n
15936352_1243770429038107_1447888854592933355_o
15895775_1243770575704759_1066062005933849284_o
15542444_1243770585704758_4672395690674218615_n
      လွတ်လပ်တဲ့အနုပညာအတွက် ပေးအပ်ချီးမြှင့်တဲ့ ၂၀၁၇ ဂျိုးဇက် ဘေးလ်စတီးယားဆု Joseph Balestier Awardကို မြန်မာနိုင်ငံက  အနုပညာရှင် အေးကို ချီးမြှင့်ခံခဲ့ရပါတယ်။     အသက် ၅၄ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ပါဖောင်းမန့်အနုပညာရှင် အေးကိုကို  စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကာ့က်ဝေဂျာနဲ့ Art Stage Singapore တည်ထောင်သူ ဥက္ကဋ္ဌ လောရန်ဇို ရုဒ်ဒေါ့ဖ်တို့က မနေ့ညကဆုချီးမြှင့်ခဲ့ကြတာပါ။ စင်ကာပူရဲ့ပထမဆုံး အမေရိကန် သံအမတ်ကြီး  ဂျိုးဇက် ဘေးလ်စတီးယားရဲ့ အမည်ကို ဂုဏ်ပြုမှည့်ခေါ်ထားတဲ့ ဒီဆုကို Art Stage Singapore နဲ့ အမေရိကန်သံရုံးတို့က ပူးပေါင်းပြီး ရွေးချယ် ပေးအပ်တာဖြစ်ပါတယ်။ ဒီဆုဟာ လွတ်လပ်စွာထုတ်ဖော်တွေးခေါ်တာတွေကို အစဉ်တစိုက် တက်တက်ကြွကြွ ဆောင်ရွက်လာခဲ့တဲ့  အရှေ့တောင်အာရှဒေသတွင်းက အနုပညာရှင်တွေကို နှစ်စဉ် ရွေးချယ် ဂုဏ်ပြုပေးအပ်တာလည်းဖြစ်ပြီး ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သောင်း ၅ ထောင်ချီးမြှင့်ပါတယ်။ မြန်မာပါဖောင်းမန့်အနုပညာရှင် အေးကိုဟာ ဒီဆုအတွက် ၂၀၁၅ နဲ့  ၂၀၁၆ ခုနှစ်တွေမှာလည်း နှစ်ကြိမ်တိုင်တိုင်  အမည်စာရင်းတင်သွင်းခံခဲ့ရဖူးပါတယ်။     အနုပညာရှင် အေးကိုဟာ မြေအောက်ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ပတ်သက်ခဲ့တဲ့ အတွက် ၁၉၉၀ ပြည့်နှစ်တွေမှာ အကျဉ်းကျခံခဲ့ရဖူးပြီး လွတ်မြောက်လာချိန်ကစလို့ ပါဖောင်းမန့် အနုပညာရှင်တဦးအဖြစ် လွတ်လပ်တဲ့အနုပညာကို  ပြည်တွင်း ပြည်ပမှာ ဖော်ထုတ်ပြသခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သူဟာ တခြားအနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး New Zero Art Space ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024