A d v e r t i s e m e n t With Us

ကျိုက်ထီး​ရိုး​ အထမ်း​သမား​များ​ ဝင်​ငွေ​လျှော့

ကျိုက်ထီး​ရိုး​ဘုရား​ဖူး​ရာသီရဲ့​ အစည်း​ကား​ဆုံး​အချိန်ကို ​ရောက်​နေ​ပေမယ့်​ အထမ်း​သမား​တွေနှင့်​ ​ဈေး​သည်​တွေရဲ့​ ဝင်​ငွေ ကျဆင်း​သွား​နေတယ်လို့​ ​ဈေး​သည်​တွေက ​ပြောပါတယ်။ ဒီနှစ်ဘုရား​ဖူး​ ရာသီအစ သီတင်း​ကျွတ်လပြည့်​ကစလို့​ ဘုရား​ဖူး​ယာဉ်​တွေအား​လုံး​ ​တောင်​ခြေ (ကင်ပွန်း​စခန်း​) က​နေ ရင်ပြင်​တော် အ​ရောက် ​ပြေး​ဆွဲ​နေကြတာ​ကြောင့်​ အဆင်မ​ပြေ ဖြစ်ရတာလို့​ ရ​သေ့​တောင်ကား​ဝင်း​က ​ဈေး​သည်တဦး​က ​ပြောပါတယ်။ “အဲဒါ ​မော်​တော်ယာဉ်အဖွဲ့​အစည်း​တွေက လက်ဝါး​ကြီး​အုပ် ​လောဘ​ဇောတက်ပြီး​တော့​ ကျ​နော်တို့​ဒီမှာ ​ဈေး​သူ​ဈေး​သား​တွေနဲ့​ ကုန်တင်ကုန်ချ အလုပ်သမား​တွေ ဒုက္ခ​ရောက်တာ​ပေါ့​။ ​ဈေး​သူ​ဈေး​သား​တွေက ဒီ​မော်​တော်ယာဉ် ချမှသာလျှင် ​ရောင်း​စား​ရမှာ။ အခုက ဘုရား​ဖူး​တွေကို ရ​သေ့​တောင်မှာ မချ​ပေး​တော့​ မိသား​စု ​ထောင်​ပေါင်း​များ​စွာ ဒုက္ခ​ရောက်တာ​ပေါ့​။ စား​ဝတ်​နေ​ရေး​ကြောင့်​ ​ဈေး​ရောင်း​ရတာက မနက်စာ၊​ ညစာ ဆန်ဖိုး​တောင် အနိုင်နိုင်။ ကျ​နော်တို့​ ရ​သေ့​တောင်ကုန်း​ပေါ်မှာတင် ဆိုင် ၃၀ ​လောက်ရှိတယ်။ ရင်ပြင်​တော်အတက်ဆိုရင် ဆိုင်က ၅၀ ​လောက်ရှိတယ်။ ကြား​မှာဆိုရင် အထမ်း​တရာဆိုရင် လူ ၄၀၀ ရှိတယ်။ အမျိုး​သမီး​ ကုန်ထမ်း​လေး​တွေ၊​ အမျိုး​သား​ ပလိုင်း​လွယ်​လေး​တွေ ကုန်ထမ်း​တွေ ရှိတယ်။” အရင် နှစ်​တွေတုန်း​က ဘုရား​ဖူး​ယာဉ်​တွေကို ရင်ပြင်မ​ရောက်ခင် ရ​သေ့​တောင် ကား​ဂိတ်မှာရပ်၊​ ဘုရား​ဖူး​တွေဟာ အဲဒီက​နေ ၁ မိုင် ၂ ဖာလုံခရီး​ကို နာရီဝက်ကြာ ​ခြေလျင်တက်ကြတာ ဖြစ်ပါတယ်။ ခြေလျင်မတက်နိုင်သူ​တွေ၊​ သက်ကြီး​ရွယ်အို​တွေက ရ​သေ့​တောင်ကား​ဂိတ်က​နေ ​လေး​ယောက်ထမ်း​ ထမ်း​စင်​တွေနဲ့​ တက်ရင် ၂ ​သောင်း​နီး​ပါး​ ကုန်ကျပါတယ်။ ရိုး​ရိုး​ခရီး​သည်​တွေအတွက် အရင်က ရ​သေ့​တောင်အ​ရောက် ၁၅၀၀ ကျပ် ​ပေး​ရပြီး​ အခု ရင်ပြင်အ​ရောက် ၃၀၀၀ ကျပ်​ပေး​ရပါတယ်။ နာရီဝက်ကြာ ​တောင်တက်စရာမလိုတဲ့​အတွက် သက်သာပါတယ်။ ကား​သမား​တွေဘက်က ကြည့်​ရင်လည်း​ ရ​သေ့​တောင်က​နေ ရင်ပြင် ခရီး​တိုအတွက် ​မောင်း​ပို့​ရုံနှင့်​ အရင်ထက် ကား​ခနှစ်ဆ ပိုရသွား​တဲ့​အတွက် အဆင်​ပြေပါတယ်။ ဒါ​ပေမယ့်​ အထမ်း​သမား​တွေနဲ့​ ​ဈေး​သည်​တွေက အဆင်မ​ပြေဘူး​လို့​ ​ဈေး​သည်တဦး​က ​ပြောပါတယ်။ “ဘုရား​ဖူး​များ​ရင် စ​နေ​နေ့​ဆိုရင် အစီး​ ၂၀၀ ​ကျော်။ ဖြစ်​စေချင်တာက ၂၀၀ ​လောက် တက်မယ်ဆိုရင် ၁၀၀ ​လောက်ကို ရ​သေ့​တောင်မှာ ချ​ပေး​ပေါ့​။ အဲလိုဆိုရင် ​ဈေး​သည်​တွေလည်း​ အလုပ်ဖြစ်မယ်။ သူတို့​တွေလည်း​ အလုပ်ဖြစ်မယ်။ အစီး​ ၂၀၀ မှာ ၂၀ ​တောင် မ​ပေး​နိုင်ဘူး​ဆို​တော့​ ရ​သေ့​တောင်မှာ ဒီက​ဈေး​သည်​တွေက အ​ရောင်း​အဝယ် မဖြစ်ကြဘူး​ပေါ့​။ ငုတ်တုတ်ထိုင်​နေရတယ်။ သုံး​ပုံတပုံ​တောင် မရဘူး​။ စ​နေရက်​တွေဆိုရင် တစ်သိန်း​ခွဲ၊​ နှစ်သိန်း​ ​ရောင်း​ရတာ၊​ အခုဆိုရင် သုံး​လေး​သောင်း​ပဲ ရ​တော့​တယ်။ တခါတ​လေကျရင် ၂ ​သောင်း​လောက်ပဲ ရတယ်။” ဒီလို အဆင်မ​ပြေ ဖြစ်​နေတဲ့​အ​ကြောင်း​ကို စက်တင်ဘာလကုန်ပိုင်း​က ​ဈေး​သည်​တွေက သမ္မတ ဦး​သိန်း​စိန်ဆီကို အသနား​ခံစာတင်ထား​တယ်လို့​ သိရပါတယ်။ တောင်တက်ကား​တွေက​တော့​ လာမယ့်​ ဒီဇင်ဘာလ ၁ ရက်​နေ့​မှာ အထူး​အစီအစဉ်အဖြစ် ဘုရား​ဖူး​အား​လုံး​ကို ​တောင်​ခြေက​နေ ရင်ပြင်အ​ရောက် အခမဲ့​ ပို့​ဆောင်​ပေး​ဖို့​ ​ကြေညာထား​တယ်လို့​ ​ဈေး​သည်​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up