DVB Logo
Home
မြန်မာသတင်း
ပဲခူး​မြို့​တွင် အလုပ်သမား​သမဂ္ဂ တရား​ဝင်ဖွဲ့​စည်း
DVB
·
November 29, 2011
Donate to DVB

အသစ်ဖွဲ့​စည်း​လိုက်တဲ့​ ချည်မျှင်အထည်ချုပ်စက်ရုံနဲ့​ သား​ရေစက်ရုံ အလုပ်သမား​သမဂ္ဂအဖွဲ့​ကို နိုဝင်ဘာ ၂၄ ရက်​နေ့​က ​နေပြည်​တော် အလုပ်သမား​ရေး​ရာဝန်ကြီး​ဌာနမှာ မှတ်ပုံတင်​လျှောက်ထား​လိုက်ပြီလို့​ သမဂ္ဂရဲ့​ အတွင်း​ရေး​မှူး​ ဦး​ဆန်း​ကျော်က ​ပြောပါတယ်။

“ကျ​နော်တို့​ ​ကော်မတီအဖွဲ့​မှာ​တော့​ ၉ ​ယောက်ရှိပါတယ်။ အလုပ်သမား​ ကိုယ်စား​ပြု၊​ ဝန်ထမ်း​ကိုယ်စား​ပြု၊​ ပြီး​တော့​ ဥပ​ဒေပညာရှင်များ​နဲ့​ ပူး​ပေါင်း​ပြီး​တော့​ ကျ​နော်တို့​ ဖွဲ့​စည်း​ထား​ခြင်း​ဖြစ်ပါတယ်။ အတတ်ပညာရှင်နဲ့​ အ​ခြေခံ အလုပ်သမား​များ​ ပူး​ပေါင်း​ပါဝင်ထား​တဲ့​ အဖွဲ့​အစည်း​ တခုလည်း​ဖြစ်ပါတယ်။”

စတင်ဖွဲ့​စည်း​ချိန်က​နေ အခုထိ အဖွဲ့​ဝင် ၇၀ ရှိ​နေပြီလို့​ ဦး​ဆန်း​ကျော်က ​ပြောပါတယ်။

လော​လောဆယ် စက်ရုံ​တွေမှာ အလုပ်သမား​တွေဟာ မနက် ၇ နာရီက​နေ ည ၈ နာရီအထိ တ​နေ့​ကို ၁၂ နာရီအထိ အလုပ်လုပ်ရပြီး​ လစာ ၄ ​သောင်း​ဝန်း​ကျင်သာ ရကြတဲ့​အတွက် နစ်နာတယ်လို့​ ဦး​ဆန်း​ကျော်က ​ပြောပါတယ်။

“ကျ​နော်တို့​က ဒီမိုက​ရေစီစနစ်နဲ့​အညီ နိုင်ငံ​တော်က ပြဋ္ဌာန်း​ထား​တဲ့​ ဥပ​ဒေပါ အခွင့်​အ​ရေး​များ​ အလုပ်သမား​ရဲ့​ ရသင့်​ရထိုက်တဲ့​ အကျိုး​ခံစား​ခွင့်​ အား​လုံး​ကို ပြည့်​ပြည့်​ဝဝရရှိနိုင်​ရေး​အတွက် ဖြစ်ပါတယ်။ ကျ​နော်တို့​နိုင်ငံမှာရှိတဲ့​ အလုပ်သမား​လေး​တွေဆိုရင် သူတို့​ရဲ့​ ဘဝတိုး​တက်မြှင့်​တင်​ရေး​၊​ ဘဝ​နောင်အနာဂတ် ​ကောင်း​မွန်​ရေး​၊​ ​နောင်အနာဂတ်မှာ ခံစား​ စံစား​ရေး​ကို ကျ​နော်တို့​ ဦး​တည်ပြီး​တော့​ အသက်မ​သေမချင်း​ လုပ်သွား​မယ်လို့​ ရည်ရွယ်ထား​ပါတယ်။”

သူတို့​ သမဂ္ဂအ​နေနဲ့​ အာဆီယံနိုင်ငံ​တွေက အလုပ်သမား​တွေရဲ့​အနည်း​ဆုံး​ နှုန်း​ထား​ဖြစ်တဲ့​ တ​နေ့​ကို ၃ ​ဒေါ်လာ (မြန်မာကျပ်​ငွေ ၃ ​ထောင်ဝန်း​ကျင်) ရ​အောင် ဥပ​ဒေနည်း​လမ်း​အတိုင်း​ ​တောင်း​ဆိုသွား​မယ်လို့​ ဦး​ဆန်း​ကျော်က ​ပြောပါတယ်။

အောက်တိုဘာလဆန်း​ပိုင်း​က သမ္မတဦး​သိန်း​စိန် လက်မှတ်ထိုး​ ထုတ်ပြန်လိုက်တဲ့​ ဥပ​ဒေသစ်ထဲမှာ အလုပ်သမား​အဖွဲ့​အစည်း​တွေ ဖွဲ့​စည်း​ခွင့်​၊​ သက်ဆိုင်ရာအာဏာပိုင်​တွေရဲ့​ ခွင့်​ပြုချက်ရလျှင် အလုပ်ရှင်​တွေကို သပိတ်​မှောက် ဆန္ဒပြခွင့်​တွေ ပါဝင်ပါတယ်။

ဝေဖန်သူ​တွေက​တော့​ ဥပ​ဒေသစ်အရ အလုပ်သမား​ အခွင့်​အ​ရေး​အချို့​ ​ပေး​ထား​သလို ရှိ​ပေမယ့်​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေပါ အကန့်​အသတ်​တွေ​ကြောင့်​ လက်​တွေ့​မှာ အလုပ်သမား​အခွင့်​အ​ရေး​တွေ အာမခံချက် မရနိုင်ဘူး​လို့​ ​ဝေဖန်ကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013