Homeမြန်မာသတင်း
နမ့်ဆန်မြို့တွင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ၀င်ရောက်လာ၊ တိုက်ပွဲဖြစ်မှာ ဒေသခံများစိုးရိမ်
နမ့်ဆန်မြို့တွင်း လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့ ၀င်ရောက်လာ၊ တိုက်ပွဲဖြစ်မှာ ဒေသခံများစိုးရိမ်
ခွန်ဇော်ဦး
·
January 10, 2017
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဒေသဦးစီးရုံးစိုက်ရာ နမ့်ဆန်မြို့အတွင်းကို လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့က ဒီကနေ့ နေ့လယ်ပိုင်းက ဝင်ရောက်လာတာကြောင့် မြို့ခံပြည်သူတွေမှာ မြို့တွင်း တိုက်ပွဲဖြစ်မှာ စိုးရိမ်နေကြပါတယ်။
ဒီကနေ့ မနက်ပိုင်းက မြို့ရဲ့အနောက်ခြမ်းမှာ ပစ်ခတ်သံတွေကြားရလို့ မြို့ပေါ်က ဈေးဆိုင်တွေ လူနေအိမ်တွေ ပိတ်ထားပြီး လမ်းတွေပေါ်မှာလည်း လူသူအသွားအလာမရှိသလောက် နည်းပါးနေ တယ်လို့မြို့ခံတွေကပြောပါတယ်။
“အခုချိန်တော့ မြို့တွင်းမှာ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူး”လို့ မြို့ခံတဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ နှစ်ဆန်းပိုင်းကလည်း နမ့်ဆန်မြို့မှာရှိတဲ့ တပ်စခန်းကုန်းနဲ့ ရဲတပ်ဖွဲ့စခန်းကို TNLA တအာင်းတပ်ဖွဲ့တွေက လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံလူထုတွေရဲ့ နေအိမ်တစ်ချို့ လက်နက်ကြီးကျည်ထိမှန်ပျက်ဆီးခဲ့ဖူးပါတယ်။