A d v e r t i s e m e n t With Us

လူထု​ဒေါ်အမာ ​မွေး​နေ့​ ဆွမ်း​ကပ်လှူ

ကွယ်လွန်သူ သတင်း​စာဆရာ၊​ စာ​ရေး​ဆရာမကြီး​ လူထု​ဒေါ်အမာ ၉၆ နှစ်ပြည့်​ ​မွေး​နေ့​အလှူအဖြစ် စစ်ကိုင်း​တောင်ရိုး​၊​ မြစကြာ​ကျောင်း​တိုက်က သံဃာအပါး​၃၀၀ ကို နိုဝင်ဘာ၂၉ ရက် ဒီ​နေ့​မနက်ပိုင်း​မှာ ဆွမ်း​ဆက်ကပ် လှူဒါန်း​ခဲ့​ပါတယ်။ ရန်ကုန်အပါအဝင် မြို့​ရွာ​ဒေသအသီး​သီး​က စာ​ရေး​ဆရာ၊​ အယ်ဒီတာ​တွေ အပါအဝင် ပရိသတ် ၁၀၀ ​ကျော် တက်​ရောက်ခဲ့​ကြတယ်လို့​ လူထု ​ဒေါ်အမာရဲ့​ သား​ဖြစ်သူ စာ​ရေး​ဆရာ ညီပု​လေး​က ​ပြောပါတယ်။ လူထု​ဒေါ်အမာရဲ့​ သား​တဦး​ဖြစ်တဲ့​ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့​ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ရဲ​ဘော်ဖိုး​သံ​ချောင်း​က အခုလိုအချိန်မှာ အ​မေရှိ​စေချင်တယ်လို့​ ​ပြောပါတယ်။ “အ​မေ့​မွေး​နေ့​နဲ့​ ပတ်သက်လို့​ ကျ​နော်တို့​ ​ပြောချင်တာ​တော့​ အခုအ​ခြေအ​နေ​ပေါ့​လေ။ ကျ​နော်တို့​ ဗမာပြည်ရဲ့​ နိုင်ငံ​ရေး​ ရှုပ်​ထွေး​လာတဲ့​ အချိန်မှာ အ​မေရှိ​နေရင် အများ​ကြီး​ ​ကောင်း​မှာပဲလို့​ ​မျှော်လင့်​တယ်။ ဘာ​ကြောင့်​လဲဆို​တော့​ အ​မေတခွန်း​ပြောတာက အများ​ကြီး​ထိ​ရောက်ပါတယ်။ အ​မေ့​စကား​ကို ​လေး​လေး​စား​စား​ နား​ထောင်တဲ့​သူ​တွေ အများ​ကြီး​ ရှိ​နေတဲ့​အခါမှာ တချို့​ ကျ​နော်တို့​ ​ပြောတာနဲ့​စာရင် အ​မေ​ပြောတာက အများ​ကြီး​ ပိုပြီး​ တာသွား​ပါတယ်။ အဲဒီဟာမျိုး​ ​ပြော​စေချင်တာမျိုး​ ကြား​စေချင်တာမျိုး​ ဖြစ်မိပါတယ်။” လူထု​ဒေါ်အမာရဲ့​ ​မွေး​နေ့​ကို ဆရာမကြီး​ အသက် ၇၀ ပြည့်​တဲ့​ ၁၉၈၅ ခုနှစ်ကစပြီး​ ကျင်း​ပခဲ့​ရာမှာ စာ​ပေမိတ်​ဆွေ၊​ တပည့်​ သား​မြေး​တွေနဲ့​ နှစ်စဉ်လိုလို စည်ကား​ခဲ့​ပြီး​ စာ​ပေ​လောကသား​တွေဆုံဆည်း​ရာ အထင်ကရပွဲတခုဖြစ်ခဲ့​ပါတယ်။ လူထု​ဒေါ်အမာကို ၁၉၁၅ ခု၊​ နိုဝင်ဘာ ၂၉ ရက်​နေ့​ မန္တ​လေး​မြို့​မှာအဖ ဦး​ထင်၊​ အမိ​ဒေါ်စုတို့​က ​မွေး​ဖွား​ပြီး​ မန္တ​လေး​မြို့​မှာ ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်က ကွယ်လွန်ခဲ့​ပါတယ်။

A d v e r t i s e m e n t With Us

More News
Up