အစား​သောက်​နှင့် ​ဆေးဝါး စစ်​​ဆေးအ​ရေးယူရန် ၆ လတွင်း ဥပဒေ ရေးဆွဲမည်

အစားသောက်နဲ့ ဆေးဝါးစစ်ဆေးအရေးယူတာတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ၆ လအတွင်း ဥပဒေ ၄ ခု ရေးဆွဲသွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပြောပါတယ်။ “ဥပဒေခိုင်မာမှုရှိမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်မှာပါ။ အခုက လုပ်လို့မရသေးပါဘူး။ အဲဒီအတွက် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ဥပဒေ ၄ ခုကို ရေးဆွဲနေပါတယ်။ ညွှန်ကြားချက်အရ ၆ လအတွင်း အပြီးရေးဆွဲသွားမှာပါ” လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောပါတယ်။ ဇန်နဝါရီ ၁၀ ရက် နေပြည်တော်မှာရှိတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ ပြုလုပ်တဲ့ ISO/IEC 17025:2005 ရရှိတဲ့အတွက် ပြုလုပ်တဲ့ စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ သတင်း၊ ဓာတ်ပုံ - အောင်ဆန်းဦး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up