DVB Logo
Home
မြန်မာသတင်း
နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ စာရင်း​ ထုတ်ပြန်ရန်ရှိ
DVB
·
November 29, 2011
နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ စာရင်း​ ထုတ်ပြန်ရန်ရှိ
Donate to DVB

အကျဉ်း​ထောင်အသီး​သီး​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ ခန့်​ ရှိတဲ့​အ​ကြောင်း​ စာရင်း​ထုတ်ပြန်ပြီး​ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ထံ ​ပေး​ပို့​ညှိနှိုင်း​သွား​မယ်လို့​ နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​ လှုပ်ရှား​မှုကွန်ရက်က ​ပြောပါတယ်။

[caption id="attachment_16292" align="alignright" width="300" caption="အင်းစိန်အကျဉ်းထောင်"][/caption]

နိုင်ငံ​ရေး​အကျဉ်း​သား​ လွတ်​မြောက်​ရေး​လှုပ်ရှား​မှု ကွန်ရက်က ပြုစုထား​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​စာရင်း​ဟာ လက်ရှိ အကျဉ်း​ထောင်ထဲရှိ​နေတဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​စာရင်း​နဲ့​ အနီး​စပ်ဆုံး​ဖြစ်တယ်လို့​လည်း​ ကွန်ရက်အဖွဲ့​ဝင် ကိုတိုး​ကျော်လှိုင်က ​ပြောပါတယ်။

မကြာခင်က ​ထောင်အသီး​သီး​မှ လွတ်​မြောက်လာသူ​တွေ၊​ ​ဒေသခံ​တွေကို ဖုန်း​အကြိမ်​ပေါင်း​ ရာနဲ့​ချီ ဆက်သွယ်​မေး​မြန်း​ စိစစ်ထား​တယ်လို့​ ဆိုပါတယ်။

အကျဉ်း​သား​စာရင်း​ပြုစုတဲ့​နေရာမှာ ​ထောင်တာဝန်ရှိသူ​တွေကို​ရော ဆက်သွယ်​မေး​မြန်း​ စုံစမ်း​တာမျိုး​ ရှိ၊​ မရှိဆိုတာနဲ့​ပတ်သက်လို့​ ကိုတိုး​ကျော်လှိုင်က ခုလို ​ပြောပါတယ်။

“​ထောင်အာဏာပိုင်​တွေနဲ့​ ဆက်သွယ်ပြီး​ ရယူဖို့​ကလည်း​ ခက်ပါတယ်ဗျ။ ​ထောင်အာဏာပိုင်ဘက်ကလည်း​ပဲ နိုင်ငံ​ရေး​အကျဉ်း​သား​ကို ဘယ်လိုဥပ​ဒေ​တွေနဲ့​ အကျုံး​ဝင်တယ်ဆိုတာလည်း​ သူတို့​သေချာ ​ပြောရခက်ပါလိမ့်​မယ်။ တချို့​ကျ​တော့​လည်း​ နိုင်ငံ​ရေး​လှုပ်ရှား​မှုနဲ့​ အဖမ်း​ခံရ​ပေမယ့်​လည်း​ နိုင်ငံ​ရေး​ပုဒ်မ တပ်ထား​ခံရတာ မဟုတ်တာ​တွေလည်း​ ရှိပါတယ်။”

နိုင်ငံ​ရေး​အကျဉ်း​သား​ ၉၀၀ စာရင်း​ကို ဒီအပတ်ထဲ ထုတ်ပြန်ဖို့​ရှိပြီး​ လူ့​အခွင့်​အ​ရေး​ကော်မရှင်ဥက္ကဋ္ဌ ဦး​ဝင်း​မြနဲ့​ အကျဉ်း​သား​လွတ်​မြောက်​ရေး​ ကွန်ရက်အဖွဲ့​တို့​ ​တွေ့​ဆုံသွား​ဖို့​ရှိတယ်လို့​လည်း​ ​ပြောပါတယ်။

“လက်ရှိနိုင်ငံ​ရေး​အကျဉ်း​သား​ စာရင်း​။ ကျ​နော်တို့​ စာရင်း​က အန်အယ်လ်ဒီ စာရင်း​နဲ့​လည်း​ မတူဘူး​။ အစိုး​ရရဲ့​ စာရင်း​နဲ့​လည်း​ မတူဘူး​။ ​အေ​အေပီပီ စာရင်း​နဲ့​လည်း​ မတူဘူး​။ ကျ​နော်တို့​ စာရင်း​က​တော့​ အနီး​စပ်ဆုံး​ ဖြစ်နိုင်တယ်။ ​သေ​သေချာချာလည်း​ လုပ်ထား​ပါတယ်။ ပြီး​ရင် မြန်မာနိုင်ငံ လူ့​အခွင့်​အ​ရေး​ကော်မရှင် ဥက္ကဋ္ဌ ဦး​ဝင်း​မြနဲ့​ ကျ​နော်တို့​အဖွဲ့​ ​တွေ့​မယ်။ ​တွေ့​ပြီး​ရင် ဒီစာရင်း​အတိုင်း​လေး​ တိုက်​ပေး​ဖို့​ရာ ကျ​နော်တို့​ ​မေတ္တာရပ်ခံမယ်။ နိုင်ငံ​ရေး​အကျဉ်း​သား​ကိစ္စ စကား​ပြောမယ်ဆိုရင် ဒီစာရင်း​ကို ကိုင်ပြီး​ပြောဖို့​ရာ ကျ​နော်တို့​ ညှိမယ်ဗျ။”

အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ထုတ်ပြန်တဲ့​စာရင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅၉၀ ခန့်​၊​ ထိုင်း​နိုင်ငံအ​ခြေစိုက် နိုင်ငံ​ရေး​အကျဉ်း​သား​များ​ ကူညီ​စောင့်​ရှောက်​ရေး​ အသင်း​ ​အေ​အေပီပီ-ဘီရဲ့​ စာရင်း​မှာ နိုင်ငံ​ရေး​အကျဉ်း​သား​ ၁၆၀၀ ​ကျော်ရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ထုတ်ပြန်တဲ့​ အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ရဲ့​ ​ကြေညာချက်မှာ​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၅၀၀ ​လောက်ပဲရှိပြီး​ အဲ့​ဒီထဲက ၂ဝဝ​ကျော် ပြန်လွှတ်​ပေး​ပြီး​ ဖြစ်တယ်လို့​ ​ဖော်ပြပါရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013