အက်ဖ်အေဖလား စတုတ္ထအဆင့်တွင် မန်ယူအသင်း ဝီဂန်နှင့် ယှဉ်ပြိုင်ရမည်

အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်အတွက် မဲခွဲပွဲကို ဇန်နဝါရီ ၉ ရက် ညက ပြုလုပ်ခဲ့ရာ လက်ရှိချန်ပီယံ မန်ယူအသင်းဟာ ဝီဂန်အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တတိယအဆင့်ပွဲစဉ်တွေမှာ သရေပွဲတွေ ရှိခဲ့တဲ့အတွက် အပြီးသတ် အဖြေထွက်ပေါ်ဖို့ ပြန်ကန်ပွဲ ကစားရဦးမှာ ဖြစ်ပေမယ့် စတုတ္ထအဆင့်အတွက် ကြိုတင်မဲခွဲခဲ့တာလည်း ဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ စတုတ္ထအဆင့်မှာ ပရီးမီးယားလိဂ်အသင်း အချင်းချင်း ဆုံတွေ့နိုင်တာ ၂ ပွဲလောက်ပဲ ရှိနေပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့် မဲခွဲရာမှာ တော့တင်ဟမ်ဟော့စပါးနဲ့ ဝိုင်ကွန်ဘီဝမ်းဒါးရား၊ ဒါဘီနဲ့ လက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ ဘရန့်ဖို့ဒ်၊ မီလ်ဝေါလ်နဲ့ ဝတ်ဖို့ဒ်၊ ရော့ခ်ျဒေးလ်နဲ့ ဟတ်ဒါစ်ဖီးလ်၊ ဖူလ်ဟမ်နဲ့ ဟားလ်စီးတီး၊ မစ်ဒယ်ဘရော့နဲ့ အက်ခရင်တန်စတန်လေတို့ အသီးသီး တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်ပြီး ကျန်အသင်းတွေကတော့ ပြန်ကန်ပွဲတွေပြီးမှ အဖြေထွက်မှာဖြစ်ပါတယ်။ အဲဒီ စတုတ္ထအဆင့်ပွဲစဉ်တွေကို ဇန်နဝါရီ ၂၇ ရက်နေ့က စတင်ပြီး ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up