အင်္ဂလန်လက်ရွေးစင်ကစားသမားများကို တပတ် ပေါင် ၈ သိန်းပေးပြီးခေါ်ရန် တရုတ်ကလပ်များ စီစဉ်

တရုတ်စူပါလိဂ်ကလပ်အသင်းတွေဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားတွေကို ၁ ပတ် ပေါင် ၈ သိန်းအထိ ပေးချေပြီး ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ တရုတ်စူပါလိဂ်ကလပ်အသင်းတွေဟာ နာမည်ကျော်ကစားသမားတွေကို မက်မောလောက်တဲ့ လုပ်ခတွေနဲ့ ဆွဲဆောင်ပြီး အော်စကာ၊ ပေါ်လင်ဟို၊ ရာမီးရက်စ် စတဲ့ ဘရာဇီးလက်ရွေးစင် ကစားသမားတွေကို လုပ်ခလစာပိုပေးပြီး ခေါ်ယူခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားတွေကို ပစ်မှတ်ထားနေပြီး စပါးအသင်းက ဒယ်လီအယ်လီနဲ့ ဟယ်ရီကိန်း၊ လီဗာပူးက စတာရစ်ခ်ျ၊ အဲဗာတန်က ဘာကလေတို့ကို ဦးစားပေးကမ်းလှမ်းသွားဖို့ စီစဉ်နေတာပါ။ အင်္ဂလန်ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၁ ပတ်လုပ်ခ အများဆုံးရရှိထားတဲ့ ကစားသမားတွေရဲ့ လုပ်ခဟာ ၁ ပတ် ပေါင် ၂ သိန်းခွဲလောက်ပဲ ရှိတာကြောင့် ၁ ပတ် ပေါင် ၈ သိန်းအထိ လုပ်ခပေးမယ့် တရုတ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုဟာ ကစားသမားတွေအတွက် မက်မောစရာ ငွေကြေး ဖြစ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up