A d v e r t i s e m e n t With Us

ရွေး​ကောက်ပွဲတွင် ​ကျောင်း​သား​အုပ်စုအတွက် ၅ ​နေရာသတ်မှတ်​ပေး​မည်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်တဲ့​အခါ ​ကျောင်း​သား​ ကိုယ်စား​လှယ်ငါး​ဦး​အတွက် မဲဆန္ဒနယ် ၅ ​နေရာ​ပေး​ဖို့​ လျာထား​တယ်လို့​ သိရပါတယ်။ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုဖြိုး​မင်း​သိမ်း​က “​ဒေါ်​အောင်ဆန်း​စုကြည်အ​နေနဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချူပ် ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်မယ်ဆိုတဲ့​ အ​ခြေအ​နေ​ပေါ်မှာ ​ကျောင်း​သား​အုပ်စု​တွေထဲက​နေ ၅ ​နေရာသတ်မှတ်​ပေး​မယ်လို့​ သူက ​ပြောကြား​ခဲ့​ပါတယ်။” ပြောင်း​လဲလာတဲ့​ နိုင်ငံ​ရေး​ အ​ခြေအ​နေသစ်မှာ အား​လုံး​ပူး​ပေါင်း​ ပါဝင်လာဖို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က လမ်း​ဖွင့်​ပေး​လိုက်တာလို့​လည်း​ ဆိုပါတယ်။ ၈၈ မျိုး​ဆက်​ကျောင်း​သား​တွေအပါအဝင် ဒီ​နေ့​ချိန်ထိ နိုင်ငံ့​အ​ရေး​ ပါဝင်လှုပ်ရှား​ ​ဆောင်ရွက်​နေကြတဲ့​ ​ကျောင်း​သား​အား​လုံး​ကို ဆိုလိုတာဖြစ်ပြီး​ ပါဝင်လိုသူ​တွေက နာမည်စာရင်း​ တင်ကြရမှာဖြစ်ပါတယ်။ အဲ့​ဒီစာရင်း​ကို အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် လွှတ်​တော် ကိုယ်စား​လှယ်​လောင်း​ ​ရွေး​ချယ်​ရေး​ ​ကော်မတီကိုတင်ပြပြီး​ ​ကော်မတီက ​ရွေး​ချယ်သွား​မှာပါ။ ၂၀၁၂ နှစ်ခု အ​စောပိုင်း​မှာ ကျင်း​ပဖွယ်ရှိတဲ့​ ကြား​ဖြတ်​ရွေး​ကောက်ပွဲအတွက် လစ်လပ် ၄၈ ​နေရာရှိတယ်လို့​ ​ရွေး​ကောက်ပွဲ​ကော်မရှင်ကို ကိုး​ကား​ပြီး​ နိုင်ငံ​ရေး​ပါတီ​တွေက ​ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up