A d v e r t i s e m e n t With Us

ရန်ကုန်မြို့​တွင် ခုံး​ကျော်တံတား​လေး​ခု ​လေး​လအတွင်း​ အပြီး​တည်​ဆောက်မည်

ကမာရွတ်၊​ လှည်း​တန်း​လမ်း​ဆံုအနီး​ ကား​များ​ ပိတ်ဆို့နေပုံ
ရန်ကုန်မြို့​ ကမာရွတ်မြို့​နယ်မှာရှိတဲ့​ လှည်း​တန်း​လမ်း​ဆုံ၊​ တာ​မွေက တာ​မွေအဝိုင်း​ထိပ်လမ်း​ဆုံ၊​ ဗဟန်း​မြို့​နယ်ထဲက ​ရွှေဂုံတိုင်လမ်း​ဆုံနဲ့​ အင်း​စိန်မြို့​နယ်က ဘုရင့်​နောင်လမ်း​ဆုံ​တွေမှာ ခုံး​ကျော်တံတား​တွေ တည်ဆောက်သွား​မယ်လို့ သိရပါတယ်။ [caption id="attachment_18329" align="alignright" width="300" caption="ကမာရွတ်၊​ လှည်းတန်းလမ်းဆုံအနီး ကားများ ပိတ်ဆို့နေပုံ"][/caption] နိုဝင်ဘာ ၂၈ ရက်က ​နေပြည်​တော်မှာလုပ်တဲ့​ ဝန်ကြီး​ဌာနသုံး​ခုနဲ့​ ပြည်တွင်း​မီဒီယာ​တွေ ​တွေ့​ဆုံပွဲမှာ စက်မှုနှစ်ဝန်ကြီး​ ဦး​စိုး​သိန်း​က ​ပြောလိုက်တာလို့​ ​တွေ့​ဆုံပွဲတက်ခဲ့​တဲ့​ သတင်း​ထောက်တဦး​က ​ပြောပါတယ်။   အခုလို ခုံး​ကျော်တံတား​တွေ တည်​ဆောက်ဖို့​လုပ်တာဟာ ရန်ကုန်မြို့​ပြ ဖွံ့​ဖြိုး​ရေး​အတွက် ဖြစ်တယ်လို့​ ဆိုပါတယ်။ မြို့​ပြစီမံကိန်း​ပညာရှင် ​ဒေါက်တာ​ကျော်လတ်က “ဒီကိစ္စက ဘယ်တိုင်း​ပြည်မှာပဲဖြစ်ဖြစ်၊​ ဘယ်မြို့​မှာပဲဖြစ်ဖြစ် တကယ်လို့​ ကား​ကများ​ပြီး​လို့​ ကျပ်လာတယ်ဆိုရင် တခါတ​လေကျ​တော့​ ဖြတ်တဲ့​နေရာမှာ ​စောင့်​နေရတာ​တွေ ​ရှောင်ရှား​ဖို့​အတွက် ခုံး​ကျော်တံတား​ ​ဆောက်ကြတာ​ပေါ့​။ ကမာရွတ်၊​ ​ရွှေဂုံတိုင်၊​ တာ​မွေ စသည်ဖြင့်​ သုံး​နေရာ​လောက်က​တော့​ တကယ်ကို အ​ရေး​တကြီး​ လို​နေပါတယ်။ အထူး​သဖြင့်​က​တော့​ ရန်ကုန် ​မြောက်ဘက်နဲ့​ ​တောင်ဘက် ဆက်တဲ့​ပြည်လမ်း​ပေါ့​။ ပြည်လမ်း​က ကမာရွတ်​နေရာ တည့်​တည့်​မှာ အဲဒီနား​မှာက လမ်း​ငါး​ခု ဆုံ​နေတာပါ။ အဲ​တော့​ ခုံး​ကျော်တံတား​ရှိတယ်ဆိုရင် ​မြောက်ဘက် ​တောင်ဘက်ကို သွား​နေတဲ့​ ယာဉ်​တွေက မြန်မြန်ဆန်ဆန် ​ရောက်သွား​မှာ​ပေါ့​။ အခု​နေ အဲဒီလမ်း​ကို သွား​ရတာက ​တော်​တော်ကြာတယ်။ မင်္ဂလာဒုံ ​လေဆိပ်က​နေပြီး​တော့​ မြို့​ထဲကို​ရောက်ဖို့​ တနာရီ​လောက် ​မောင်း​ရတယ်။ ခုံး​ကျော်တံတား​ ရှိရင်​တော့​ မြန်လာမှာ​ပေါ့” လို့ ​ပြောပါတယ်။ လော​လောဆယ် အခုနှစ် မိုး​ရွာသွန်း​မှု အဆက်မပြတ်ခဲ့​တာ​ကြောင့်​ ရန်ကုန်မြို့​တွင်း​လမ်း​တွေ ဆိုး​ဆိုး​ဝါး​ဝါး​ပျက်စီး​နေတာ ဦး​စား​ပေး​ပြင်ဆင်သင့်​တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။ ရန်ကုန်မြို့​မှာ ​နေထိုင်သူလူဦး​ရေ​ပေါင်း​ ငါး​သန်း​လောက်ရှိမယ်လို့​ ခန့်​မှန်း​ပြောဆို​နေကြပြီး​ ​နေ့​စဉ်သိန်း​နဲ့​ချီတဲ့​ မြို့​ခံ​တွေ မြို့​ထဲနဲ့​ မြို့​လယ်ကို ခရီး​သည်တင် ဘတ်စ်စကား​တွေ စီး​နင်း​သွား​လာ​နေကြတာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up