အစ္စရေးတွင် ကုန်တင်ကားနှင့် လူအုပ်စုထဲ မောင်းဝင်တိုက်ခိုက်၊ လူ ၄ ဦး သေဆုံး (ရုပ်သံ)

အစ္စရေးနိုင်ငံ ဂျေရုစလင်မြို့တော်မှာ ဇန်နဝါရီ ၈ ရက်နေ့က ကုန်တင်ကားတစီးနဲ့ လူအုပ်ထဲကို အတင်းမောင်းဝင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာမှာ လူ ၄ ဦး သေဆုံးပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိကြပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုလို့ အစ္စရေးရဲတပ်ဖွဲ့ကပြောဆိုပြီး တိုက်ခိုက်သူ ပါလက်စတိုင်းတဦးကိုလည်း အသေပစ်သတ်လိုက်ပါတယ်။ သေဆုံးသူတွေဟာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၁ ဦးတို့ ဖြစ်ကြပြီး အားလုံး အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ကြပါတယ်။ တိုက်ခိုက်သူဟာ အိုင်အက်စ် အကြမ်းဖက်ထောက်ခံသူတဦး ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် နေတန်ယာဟုက ပြောဆိုပေမယ့် အသေးစိတ်တော့ မပြောဆိုပါဘူး။ တိုက်ခိုက်သူဟာ အရှေ့ဂျေရုစလင်မှာ နေထိုင်သူ ပါလက်စတိုင်းအမျိုးသားတဦးလို့ အစ္စရေးရဲချုပ်က ပြောပါတယ်။ လုံခြုံရေးကင်မရာရုပ်သံတွေမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေအုပ်စုထဲကို ကုန်တင်ကားနဲ့ တမင်အရှိန်နဲ့ မောင်းဝင်သွားပြီး တိုက်မိခဲ့သူတွေကို တခါ ကားကို နောက်ပြန်ဆုတ်ပြီး တက်ကြိတ်ခဲ့တာပါ။ ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်တပ်ဖွဲ့ကတော့ သူရဲကောင်းတဦးရဲ့လုပ်ရပ်လို့ ချီးမွမ်းပြောဆိုခဲ့ပြီး အစ္စရေးကို အခုလို ခုခံတော်လှန်ကြဖို့ တခြားပါလက်စတိုင်းတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up