Home
မြန်မာသတင်း
မီးသင့်မင်္ဂလာဈေး အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြ
အာကာ
·
January 9, 2017
15965165_1569984709683483_1472202492044740872_n
15940738_1569984609683493_1277920823381432762_n
15895075_1569984473016840_4010773877840438170_n
15894448_1569984413016846_6716233334695276529_n
ရန်ကုန်မြို့က မီးသင့်မင်္ဂလာဈေးကို အမြန်ဆုံးပြန်လည်တည်ဆောက်ပေးရေးအတွက် မင်္ဂလာဈေးက ဈေးသူ/ဈေးသား ၄၀၀ လောက် ဇန်နဝါရီလ ၉ ရက်နေ့ မနက်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေကြပါတယ်။ တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒဖော်ထုတ်ကြတာဖြစ်ပြီး မင်္ဂလာဈေး အမြန်ဆုံး ပြန်လည်တည်ဆောက် ပေးရေး၊ အထပ်မြင့်မဆောက်လုပ်ရေး၊ ဈေးပေါ်အမြန်ရောင်းချနိုင်ရေး၊ ဈေးကိုယ်စားလှယ်တွေကို တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးခေါ်ယူတွေ့ဆုံပေးရေးတို့ကို ကြွေးကြော်ခဲ့ကြပါတယ်။ မင်္ဂလာဈေးက ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်မြတ်ကြူက `မီးလောင်တာ တစ်နှစ်ပြည့်ပြီ။ ခုထိ ဘယ်တော့ တည်ဆောက်မယ်ဆိုတာ မသိရသေးဘူး။ ဆိုင်ခန်း ဌားခ တွေက အခု တစ်နှစ် ပြည့်ပြီးလို့ ဒုတိယနှစ် ငှားမယ်ဆိုတော့ ၂ဆ တက်သွားတယ်။ မနှစ်က တခန်း၂၅သိန်း/သိန်း၃၀ လောက်ကနေ ခု သိန်း၅၀/၆၀ ဖြစ်နေပြီး၏ အဲဒီ့အတွက် အမြန်တည်ဆောက်ပေးဖို့နဲ့ တည်ဆောက်ဆဲကြားကာလမှာ ယာယီဈေး သတ်မှတ်နေရာ ချပေးဖို့ ဆန္ဒဖော်ထုတ် တောင်းဆိုတာပါ´လို့ ဒီဗွီဘီကို ပြောပါတယ်။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးဟာ ၂၀၁၆ ဇန်နဝါရီ ၉ ရက်နေ့က ဒုတိယအကြိမ် မီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၃၀၀ ကျော် မီးသင့်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024