၄၅ ကြိမ်မြောက် ဆေးသုတေသနညီလာခံ စတင်ကျင်းပ
DVB
·
January 9, 2017
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကျန်းမာရေး သုတေသနစာတမ်းတွေ တင်သွင်းဖတ်ကြားတဲ့ ၄၅ ကြိမ်မြောက် ဆေးသုတေသနညီလာခံကို ဒီကနေ့ ဇန်နဝါရီလ ၉ရက်နေ့မှာ စတင်ကျင်းပနေပါပြီ။
ဒီညီလာခံမှာ ပြည်တွင်းပြည်ပက မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ ဆေးပညာစာတမ်း ၁၀၀ ကျော်နဲ့ ပိုစတာ ၅၆ စောင် ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။
ဒီညီလာခံကို သောကြာနေ့အထိ ၅ ရက်တာကျင်းပမှာဖြစ်ပြီး စာတမ်းတွေကိုတော့ ၂ နေရာခွဲပြီး ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။
ဒီညီလာခံမှာ ကျန်းမာရေးဆေးပစ္စည်း ဆိုင်ခန်းတချို့ကိုလည်း ခင်းကျင်းပြသထားပါတယ်။